Powered by Blogger.

Android နဲ့ iOS စနစ်သုံး စမတ်နာရီ တွေအတွက် Microsoft က App အသစ်များထုတ်လုပ်




Microsoft ကုမ္မဏီ ဟာ ၀တ်ဆင်လို့ရတဲ့ နည်းပညာ ကိရိယာတွေအတွက် app အသစ်အချို့ကို ထပ်မံ ထုတ်လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ Android စနစ်သုံး စမတ်နာရီတွေနဲ့ Apple နာရီတွေအတွက် ပဲဖြစ်ပါတယ်။

ပထမဆုံး Apple နာရီတွေအတွက် ထုတ်လုပ်လိုက်တဲ့ App ကတော့ Outlook ပါ။ ထို App ကနေ တစ်ဆင့် သုံးစွဲသူတွေဟာ အီးမေးလ် တစ်စောင်လုံးကို ကြည့်ရှုနိုင်မှာ ဖြစ်သလို အသံနဲ့ဖြစ်စေ ၊ စာနဲ့ ဖြစ်စေ Reply ပြန်လည်ပေးပို့နိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သီးသန့် လူမှု ကွန်ရက်တစ်ခုဖြစ်တဲ့ Yammer ကိုလည်း တပ်ဆင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Android စနစ်သုံး စမတ်နာရီတွေအတွက်လည်း OneNote နဲ့ OneDrive တို့ရဲ့ updated ဗားရှင်း တွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် Cloud ၀န်ဆောင်မှုဟာလည်း သင် ရက်ပေါင်း ၃၀ အတွင်း upload ပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ပုံကို သင့်ရဲ့ စမတ်နာရီ ဖွင့်လိုက်တဲ့အချိန်တိုင်းမျက်နှာပြင် ဓါတ်ပုံ အဖြစ်ပြသပေးနေမှာ ဖြစ်ပါတယ်။

ပိုမိုဆန်းသစ်တဲ့ သတင်းကို ပဲ ပြောပါဆိုရင်တော့ Microsoft ဟာ Apple အတွက်ရော Android အတွက်ပါ စမတ်နာရီ တွေမှာ သုံးနိုင်မယ့် Translator app တစ်ခု ကို ထုတ်လုပ်လိုက်တာပါပဲ။

ထို app မှာတော့ ဘာသာစကားပေါင်း ၅၀ ရဲ့ စကားလုံး အဓိပ္ပာယ်တွေထည့်သွင်းပေးထားပြီး သင်အများဆုံး သုံးလေ့ရှိတဲ့ စာသားတွေကိုလည်း မှတ်သားထားပြီး အလွယ်တကူ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အခုကစပြီး Yammer ကလွဲပြီး အခြား Microsoft ရဲ့ ထုတ်ကုန် app အသစ်တွေကို iTunes နဲ့ Google Play မှာ ဒေါင်းလုဒ် ပြုလုပ်နိုင်ပါပြီ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment