Powered by Blogger.

Apple ရဲ့ CEO ဟောင်း ထုတ်လုပ်မယ့် ဒေါ်လာ ၂၀၀ မကျော်တဲ့ အရည်အသွေးမြင့် စမတ်ဖုန်း




Apple ကုမ္မဏီ ရဲ့ CEO အဟောင်းဖြစ်သူ John Sculley နဲ့ Ammunition ဒီဇိုင်း ကုမ္မဏီရဲ့ တည်ထောင်သူ Robert Brunner တို့ဟာ ပူးပေါင်းပြီး အလယ်အလတ် အဆင့်ရှိတဲ့ ဖန်တီးမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဖန်တီးမှုကတော့ ဈေးမကြီးတဲ့ အပြည်ပြည်ဆိုင်ရာ စမတ်ဖုန်းတွေ ဖြစ်ပြီး ထို ဖုန်းတွေရဲ့ အသွင်အပြင် ပုံစံကလည်း လန်ထွက်နေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူနဲ့မှမတူညီတဲ့ စံတစ်ခုတော့ ရှိပါတယ်။

Obi Worldphone အသစ်တွေဖြစ်ကြတဲ့ SF1 နဲ့ SJ1.5 တို့ဟာ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ အောက်သာကျသင့်မှာဖြစ်ပါတယ်။ တစ်ခုကတော့ ဒေါ်လာ ၁၉၉ နဲ့ နောက်တစ်လုံးကတော့ ၁၂၉ ဒေါ်လာ တို့ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ထို ဖုန်းတွေကိုတော့  အောက်တိုဘာလမှာ စတင်ရောင်းချမှာဖြစ်ပြီး အာရှ ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်းဒေသ တွေမှာ ရှိတဲ့ အသက် ၂၅ နှစ် နဲ့ အောက် လူငယ်တွေကို ဦးတည်ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

Processor တွေ အဖြစ် Qualcomm နဲ့ MediaTek Processor တွေကို အသုံးပြုထားသလို ကင်မရာ အဖြစ် လည်း Sony အမှတ်တံဆိပ် ကင်မရာတွေကို ထည့်သွင်းပေးထားပါတယ်။ Gorilla Glass နဲ့ မျက်နှာပြင်ကို ပြုလုပ်ထားပြီး Dolby Sound ရဲ့ အသံတင်ဆက်မှုလည်း ပါဝင်ပါတယ်။ တစ်ကယ်တော့ Obi World ဟာ ဒီဇိုင်းတစ်ခုတည်း အတွက် ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ Apple ၊ Samsung နဲ့ HTC တို့ကိုပါ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Obi World ရဲ့ နည်းဗျူဟာက တော့ ရှင်းပါတယ်။ Qualcomm ၊ Sony နဲ့ Dolby တို့ရဲ့ နည်းပညာ အစိတ်အပိုင်းတွေ ကိုထည့်သွင်းထားပြီး ဒေါ်လာ ၂၀၀ အောက် နဲ့ ရဖို့ ဆိုတာ မလွယ်ကူပါဘူး။

ထို ဖုန်း၂ လုံးစလုံးကို အနီရောင် ၊ အနက်ရောင် ၊ အဖြူရောင်စတဲ့ အရောင်တွေနဲ့ ရရှိနိုင်သလို 16 GB နဲ့ 32 GB စတဲ့ ရွေးချယ်မှုတွေပေါ်မူတည်ပြီး ဈေးနှုန်းလည်း အပြောင်းအလဲ ရှိသွားနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကို ထို ဖုန်း ၂ လုံးစလုံးက SIM ကတ် ၂ ကတ်ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual SIM ပဲ ဖြစ်ပါတယ်။

Obi World အမှတ်တံဆိပ် ကို အွန်လိုင်းမှာလည်း ရောင်းချမှာ ဖြစ်ပြီး စတိုင်းဆိုင်တွေကိုလည်း ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ ယူအေအီး ၊ ဆော်ဒီ အာရေးဘီးယား ၊ ကင်ညာ ၊ နိုင်ဂျီးရီးယား ၊ တန်ဇားနီးယား ၊ တောင်အာဖရိက ၊ ပါကစ္စတန် ၊ တူရကီ နဲ့ အိန္ဒိယ နိုင်ငံတို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တဲ့အတွက် Samsung ၊ HTC နဲ့ Apple တို့အတွက် ဈေးကွက်မှာ အန္တရာယ်ရှိနိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment