Powered by Blogger.

တယ်လီနောရဲ့စူပါပွားထက် အူရီဒူးရဲ့ ဖလန်းဖလန်းအစီအစဉ်က နှုန်းထားပိုမိုသက်သာ




အခုအချိန်မှာတော့ မိုဘိုင်းအော်ပရေတာကြီးသုံးခုဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ကိုယ်စီ ယှဉ်ပြိုင်လျက်ရှိပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေဖြစ်ကြတဲ့ အူရီဒူးနဲ့ တယ်လီနောတို့ကလည်း သူ့ထက်ငါအပြိုင်အဆိုင် ပရိုမိုးရှင်းတွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

အဲ့လို ပရိုမိုးရှင်းတွေထဲမှာ အူရီဒူးကတော့ Phalan Phalan Voice အစီအစဉ်ကို ချပြခဲ့ပါတယ်။ အူရီဒူးရဲ့ Phalan Phalan Voice အစီအစဉ်ဟာ တခြားဘယ်ဖုန်းကို ဆက်ဆက် တစ်မိနစ်မှ ၂၀ ကျပ်ပဲကျသင့်မှာပါ။

ဖလန်းဖလန်းအစီအစဉ်ကို ရယူဖို့အတွက် သုံးစွဲသူတွေက သက်သက်လျှောက်ထားစ၇ာ မလိုဘဲ top up တစ်ခါလုပ်တာနဲ့ အလိုလိုထည့်သွင်းပေးသွားမှာပါ။

ကြေညာထားတဲ့အတိုင်းပဲ အင်တာနက်ကလည်းမြန်ဆန်ပြီး ဘယ်ဖုန်းကိုဆက်ဆက် တစ်မိနစ်ကို  ၂၀ ကျပ်ပဲကျသင့်တာကြောင့် သုံးစွဲသူများကတော့ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ အခက်အခဲတွေကိုလည်း အကောင်းဆုံးကြိုးစားဖြေရှင်းခဲ့ပေးနိုင်တာကြောင့် Honorary Mention Award  ဆုကို အူရီဒူးရဲ့ contact centre က ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မရှေးမနှောင်းမှာပဲ တယ်လီနောကလည်း စူပါပွားအစီအစဉ်ကိုထပ်မံမိတ်ဆက်ခဲ့ပါတယ် ။ စူပါပွားအစီအစဉ်ကတော့ သပ်သပ်လျှောက်ထားရမှာဖြစ်ပြီး အူရီဒူးလိုအလိုအလျောက်လျှောက်ပေးထားတဲ့စနစ်တော့ မဟုတ်ပါဘူး။

ဒါ့အပြင် စူပါပွားအစီအစဉ်ဟာ တယ်လီနောသုံးစွဲသူ ဆယ်သန်းကိုသာ တစ်မိနစ် ၁၈ကျပ်နဲ့ ဖုန်းခေါ်နိုင်တာပါ။ သုံးစွဲသူ ဆယ်သန်းထဲမှာလည်း စူပါပွားအစီအစဉ်ကိုသာ ဖွင့်ထားတဲ့ on-net ဖုန်းတွေမှာသာ ၁၈ ကျပ်ဖြစ်တာကြောင့် အကျိုးသက်ရောက်မှုကို သိပ်မခံစားကြရပါဘူး။ စူပါပွားကိုဖွင့်ထားပြန်ရင်လည်း အင်တာနက်စနစ်ဟာ Smart အင်တာနက်စနစ်ကို ပြောင်းလဲပေးသွားတာကြောင့် ဖုန်းငွေတအားကုန်လွယ်သွားပြီး စူပါပွားကိုပြန်လည်ဖြုတ်လိုက်ရတယ်ဆိုတဲ့ ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် မိုဘိုင်းအော်ပရေတာတွေထဲမှာ အူရီဒူးဟာ ဖုန်းခေါ်ဆိုခအနည်းဆုံး တစ်မိနစ်ကို နှစ်ဆယ်ကျပ်နဲ့ ဦးဆောင်လျက်ရှိပါတယ်။

( Paing AK )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment