Powered by Blogger.

၆လ အတွင်း Apple Music ကို စမ်းသပ်အသုံးပြုသူ ၁၁ သန်းထိရှိလာ




Apple ရဲ့ ဂီတ ၀န်ဆောင်မှု App တစ်ခုဖြစ်တဲ့ Apple Music ဟာ ဇွန်လ ၃၀ ရက်နေ့မှာ စတင်ခဲ့ပြီးကတည်းက အခုချိန်ထိ ၆ ပတ်အတွင်း စမ်းသပ် အသုံးပြုသူ ၁၁ သန်း ခန့်ထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ ဂီတ ၀န်ဆောင်မှုဟာ စက်တင်ဘာလ မတိုင်မီ  အထိတော့ အခမဲ့ စမ်းသပ် အသုံးပြုခွင့်ရနေပြီး ဘယ်သူမှ ပိုက်ဆံ ပေးစရာမလိုသေးပါဘူး။ သုံးစွဲသူ ၁၁ သန်းဆိုတာဟာ များပြားလှတဲ့ ပမာဏ တစ်ခု ပဲ ဖြစ်ပါတယ်။ ထို ၁၁ သန်းထဲက ၂ သန်းဟာ Family Plan လို့ခေါ်တဲ့ လူ ၆ ယောက်အထိ လစဉ်ကြေး တစ်ခုတည်းနဲ့ သုံးစွဲခွင့်ရမယ့် အစီအစဉ်ကို စာရင်းသွင်းထားကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ Apple Music ဟာ iPhone (သို့) iPad ကို iOS 8.4 အဖြစ် အဆင့်မြှင့်တင် လိုက်တာ နဲ့ Sign Up လုပ်တဲ့ အသိပေးမှုကိုရပါတယ်။ ဒါကြောင့်သုံးစွဲသူတွေများလာရတာဖြစ်တယ်လို့ သုံးသပ်ထားကြပြီး အခကြေးငွေပေးပြီး အသုံးပြုရတဲ့အခါမှာတော့ သုံးစွဲသူ ဘယ် နှစ်ယောက် ကျန်ခဲ့ဦးမယ်ဆိုတာတော့ မသေချာပါဘူး။

တစ်ဖက်မှာလည်း Apple Music ရဲ့ အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ Spotify ဟာ လစဉ်ကြေးပေးသွင်းပြီး အသုံးပြုနေသူပေါင်း သန်း ၂၀ ယောက်ကို ရရှိလာဖို့အတွက် ၆ နှစ်ခွဲအချိန်ယူခဲ့ရပါတယ်။ လက်ရှိမှာတော့ လစဉ်ကြေး အမျိုးမျိုး နဲ့ အခမဲ့သုံးစွဲခွင့်တွေကို အသုံးပြုသူ လူသီးရေ ၇၅ သန်း ထိ ရှိနေပါပြီ။ အများစုကတော့ မနှစ်ကမှ အသစ်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ လစဉ်ကြေးပေးသွင်းအသုံးပြုသူ သန်း ၁၀၀ အထိ ရှိလာဖို့အတွက် မျှော်လင့်နေတယ်လို့လည်း ကောလာဟလ တွေက ထွက်ပေါ်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment