Powered by Blogger.

နိုင်ငံတကာအာကာသအခြေစိုက်စခန်းမှာ ပထမဦးဆုံးအနေနဲ့ အာကာသအတွင်း စိုက်ပျိုးထားတဲ့ အသီးအနှံများကို စတင်စားသုံးမည်




နိုင်ငံတကာအာကာသအခြေစိုက်စခန်း (ISS) က အာကာသယာဉ်မှူးတွေဟာ ဒီနေ့ ဟင်းပွဲ စာရင်းမှာ အထူးဟင်းလျာတစ်ခု စားသုံးရမှာပါ။ ဒီနေ့ အတွက် အထူးဟင်းလျာဖြစ်တဲ့ ရိုမိန်းဆလတ်ရွက်နီကို စတင် တစ်ကိုက်ကိုက်လိုက်တာနဲ့ ဒါဟာ ISS မှာ စိုက်ပျိုးဖြစ်ထွန်းလာတဲ့အစားအသောက်ကို ပထမဆုံးစတင်စားခြင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

Lada လို့ အမည်ပေးထားတဲ့ ဖန်လုံအိမ်ကို ၂၀၀၂ ခုနှစ်ကတည်းက နိုင်ငံတကာ အခြေစိုက်စခန်းပေါ် ပို့ ဆောင်ခဲ့ပြီး မြေထုဆွဲငင်အားနည်းပါးတဲ့နေရာမှာ အပင်တွေ ရှင်သန်ကြီးထွားမှုကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့ရပါတယ်။

NASA က ဖော်ပြထားချက်အရ Scott Kelly ဟာ ရိုမိန်းဆလတ်ရွက်ကို ဂျူလိုင်လ ရှစ်ရက်မှာ စတင်စိုက်ပျိုးခဲ့ပြီး ၃၃ ရက် တိတိ ရေပုံမှန်လောင်းခဲ့ပြီးနောက်မှာတော့ အပင်ကို စတင်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကမ္ဘာမြေမှာ မျိုးစေ့ချ၊ ကြီးလာတဲ့ နောက်မှာ စားသုံးတဲ့နည်းထက်တော့ ပိုရှုပ်ထွေးပါတယ်။ အာကာသစခန်းမှာ မြေဆီ လွှာမရှိတဲ့အတွက် အာကာသယာဉ်မှုးတွေဟာ Veggie လို့ ခေါ်တဲ့ အပင်ရှင်သန်ကြီးထွားမှုစနစ်တစ်ခုကို အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။

မျိုးစေ့ရှင်သန်ဖို့ အတွက် အနီနဲ့ အပြာ LED မီးသီးတွေနဲ့ အလင်းရောင်ထိတွေ့ မှုပေးပြီး အပူချိန်ထိန်းညှိဖို့ နဲ့ အပင်ကြီးထွားမှုကို အထောက်အကူပြုဖို့ အာကာသစခန်းရဲ့ ပတ်ဝန်းကျင်စနစ်ကိုပါ အကျိုးရှိရှိ အသုံးချထားကြောင်း NASA က ဌင်းရဲ့ ၀က်ဘ်ဆိုဒ်မှာ ရှင်းပြထားပါတယ်။

ဒီစမ်းသပ်မှုဟာ ၂၀၁၄ ခုနှစ်ကတည်းက အောင်မြင်ခဲ့ပေမယ့် အပင်တွေကို စမ်းသပ်မှုလုပ်ဖို့ အတွက် ကမ္ဘာမြေပြင်ပေါ် ပြန်ပို့ ခဲ့ရပြီး အာကာသယာဉ်မှုးတွေ မစားသုံးခဲ့ရပါဘူး။ အခုတစ်ခေါက်မှာတော့ အာကာသယာဉ်မှူးတွေဟာ ပထမဆုံး အာကာသတွင်းစိုက်ပျိုးတဲ့ သီးနှံကို စားသုံးရတော့မှာဖြစိပါတယ်။

သိပ္ပွံနည်းကျပြင်ဆင်ထားတဲ့အစားအသောက်တွေဟာ အများဆုံး နှစ်နှစ်၊သုံးနှစ် စာသာ ယာဉ်မှူးတွေအတွက် ရိက္ခာထောက်ပံ့ပေးနိုင်ပြီး ဒီ အာကာသဥယျာဉ်တွေက ယာဉ်မှုးတွေရဲ့ ကျန်းမာရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်လာနိုင်ကြောင်း NASA က ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment