Powered by Blogger.

မိုဘိုင်းဖုန်းဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ Nokia




Nokia ဟာ အခုအခါမှာ ဆော့ဝဲကျွမ်းကျင်သူတွေကို ဌားရမ်းခန့် ထားနေပြီး ထုတ်ကုန်အသစ်တွေကို စမ်းသပ်လျက်ရှိကာ အရောင်းဈေးကွက်အတွက် မိတ်ဖက်ကုမ္ပဏီတွေ ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။

အရင်က ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်သူကုမ္ပဏီအဖြစ် ရပ်တည်ခဲ့တဲ့ ဖင်လန်အခြေစိုက် Nokia ကုမ္ပဏီဟာ Android စမတ်ဖုန်းတွေ ကြီးထွားလာမှုနဲ့ Apple ရဲ့ iPhone အရှိန်အ၀ါအောက်မှာ မှေးမှိန်ခဲ့ရကာ ဟန်းဆက်ထုတ်လုပ်မှုလုပ်ငန်းကို ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာ Microsoft ထံ ရောင်းချခဲ့ရတာဖြစ်ပါတယ်။

Telecoms Network ပစ္စည်းတွေသာ အဓိကထားထုတ်လုပ်နေခဲ့တဲ့ Nokia ကုမ္ပဏီဥက္ကဌ Rajeev Suri က မိုဘိုင်းဖုန်းဈေးကွက်ကို ကုမ္ပဏီအနေနဲ့ ပြန်လည်ထိုးဖောက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Microsoft နဲ့ ချုပ်ဆိုထားတဲ့ သက်တမ်းက ကျန်နေသေးတာမို့ Nokia ဟာ ဟန်းဆက်ဈေးကွက်ကို ၀င်ရောက်ဖို့ ၂၀၁၆ ခုနှစ်နှောင်းပိုင်း အထိ စောင့်ရဖွယ် ရှိပါတယ်။

Nokia ဟာ ပထမခြေလှမ်းအနေနဲ့ Android စနစ်သုံး Tablet N1 ကို ဇန်န၀ါရီလက တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။ မကြာသေးခင်ကလည်း ‘virtual-reality camera’ ကို မိတ်ဆက်ခဲ့ပြီး ဒါဟာ ‘Nokia ပြန်လည်ရှင်သန်ခြင်း’ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Reuters

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment