Powered by Blogger.

စက်ရုပ်ကလေးတွေကို ဒီဇိုင်းဖော်၊တည်ဆောက်နိုင်ပြီး မွမ်းမံမှုတွေပါ ပြုလုပ်ပေးနိုင်မယ့် ‘မိခင်’ စက်ရုပ်အသစ်




မိခင်စက်ရုပ်လို့ ခေါ်တဲ့ အဆိုပါစက်ရုပ်ဟာ သူ့ ရဲ့ စက်ရုပ်သားသမီးတွေကို ကိုယ်တိုင် တည်ဆောက်နိုင်တဲ့အပြင် ဘယ်စက်ရုပ်က အကောင်းဆုံးစွမ်းဆောင်နိုင်လဲဆိုတာ စစ်ဆေးပြီး ဒီဇိုင်းကို မွမ်းမံပြင်ဆင်ပေးနိုင်မယ့် စက်ရုပ်အသစ်တစ်မျိုးကို ကိန်းဘရစ်ခ်ျ တက္ကသိုလ်က သိပ္ပံပညာရှင်တွေ တီထွင်နိုင်ခဲ့ပါတယ်။

တက္ကသိုလ်က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ အဆိုပါ မိခင်စက်ရုပ်ဟာ ကုဗတုံးပုံစံ စက်ရုပ်သားသမီးတွေကို မွေးဖွားတည်ဆောက်ပေးနေတာကို တွေ့ မြင်ရမှာဖြစ်ပြီး စက်ရုပ်ကလေးတွေရဲ့ ပထမဦးဆုံးခြေလှမ်းကိုပါ စောင့်ကြည့်စစ်ဆေးပေးနေတာကို တွေ့ မြင်ရမှာပါ။

မိခင်စက်ရုပ်ဟာ စက်ရုပ်ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီးနောက်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိတဲ့စက်ရုပ်ကို ရွေးချယ်ပြီး တခြားစက်ရုပ်တွေရဲ့ ဒီဇိုင်းကို ပြန်လည်မွမ်းမံပြင်ဆင်ပေးနိုင်ပါတယ်။ ဒါဟာ  သဘာဝတရားရဲ့ဆင့်ကဲဖြစ်စဉ် အလုပ်လုပ်တဲ့ပုံစံမျိုးပါပဲ။

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်နေထိုင်နိုင်သည့် သဘာဝရွေးချယ်မှု (natural selection) နည်းစနစ်ကို စက်ရုပ်တစ်ခုထဲမှာ ပထမဆုံးအကြိမ် ထည့်သွင်းခြင်း ဖြစ်ပါတယ်။ ဒါဟာ Artifical Intelligence ( လူလုပ်စက်အသိဥာဏ်) ဖော်ဆောင်ခြင်းလုပ်ငန်းခြင်းရဲ့ အရေးကြီးအဆင့်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

‘မိခင်’ စက်ရုပ်ဟာ အတွင်းက လှုပ်ရှားနိုင်တဲ့မော်တာအသေး တစ်လုံးနဲ့ ကုဗတုံးပုံစံစက်ရုပ်ကလေးတွေ ထုတ်လုပ်ဖို့ ပြီးနောက်  ဒီစက်ရုပ်ကလေးတွေရဲ့ လှုပ်ရှားမှုကို အကဲဖြတ်လေ့လာကာ ဒီဖိုင်းပုံစံ ပြန်လည်ပြင်ဆင်နိုင်ဖို့  ပရိုဂရမ်ရေးဆွဲထားတာ ဖြစ်ပါတယ်။

စမ်းသပ်မှုငါးခုမှာ မိခင်စက်ရုပ်ဟာ စက်ရုပ်မျိုးဆက် ၁၀ ဆက်အထိ ထုတ်လုပ်ခဲ့ပြီး အကြိမ်တိုင်းမှာ မိခင်စက်ရုပ်ဟာ အကောင်းဆုံးစက်ရုပ်ကို အသုံးချပြီး နောက် မျိုးဆက်စက်ရုပ်ရဲ့ ဒီဇိုင်းကို ရေးဆွဲထုတ်လုပ်နိုင်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : National Post
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment