Powered by Blogger.

မကြာခင် စတင်တော့မယ့် LG ကုမ္မဏီရဲ့ ဂီတ၀န်ဆောင်မှု Hi-Fi




ကမ္ဘာကျော် ဖုန်းကုမ္မဏီ တစ်ခုဖြစ်တဲ့ LG ဟာ Hi-Fi ဆိုတဲ့ ဂီတ၀န်ဆောင်မှု အသစ်တစ်ခုကို ဒီလထဲမှာပဲ စတင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း LG ကုမ္မဏီ က ပြောပြခဲ့တာကတော့ Hi-Fi ဂီတ ၀န်ဆောင်မှုဟာ အခြား ဂီတ၀န်ဆောင်မှုတွေဖြစ်တဲ့ Apple Music နဲ့ Spotify တို့ရဲ့ ပြိုင်ဘက်တော့ဖြစ်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Hi-Fi ဂီတ၀န်ဆောင်မှုဟာ အရည်အသွေးမြင့်ဖုန်းတွေဖြစ်တဲ့ LG G4 ၊ G3 နဲ့ G2 တို့မှာပဲ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။ ထို ၀န်ဆောင်မှုကို အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် နိုင်ငံ ၊ သြစတြေးလျ နိုင်ငံ ၊ ဘရာဇီးလ်နိုင်ငံ ၊ ရုရှားနိုင်ငံ ၊ တရုတ်နိုင်ငံ နဲ့ အီတလီ နိုင်ငံတို့ အပါအ၀င် နိုင်ငံပေါင်း ၇၀ ကျော် မှာ အသုံးပြုလို့ရနိုင်မယ်လို့လည်း သိရပါတယ်။

LG ရဲ့ ကြေညာချက်အရလည်း Hi-Fi မှာ ပါဝင်မယ့် သီချင်းတွေဟာ 24bit/192kHz အရည်အသွေးကို နားဆင်နိုင်မှာ ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ တစ်လ ကို ၂ ပုဒ် အခမဲ့ ဒေါင်းလုဒ်ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။ ပိုများတဲ့ သီချင်းပမာဏ ကို လိုချင်ရင်တော့ ၀ယ်ယူရမှာ ဖြစ်ပြီး ၅၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကံမကောင်းတာကတော့ LG ကုမ္မဏီက သူတို့ရဲ့ ဂီတ၀န်ဆောင်မှုကို Streaming အဖြစ် အသုံးပြုခွင့်ပေးမယ့်အကြောင့် ထည့်သွင်း မကြေညာ ထားတာကြောင့် သုံးစွဲသူတွေဟာ သီချင်းတွေကို Offline မှာ နားထောင်ဖို့ မလွယ်ကူပါဘူး။ ဒီဝန်ဆောင်မှု နဲ့ ပတ်သက်ပြီး သိချင်တာတွေကိုတော့ SmartWorld App သို့မဟုတ် www.lgworld.com မှာ စောင့်ကြည့်ပြီး App တရားဝင်ထွက်ပေါ်လာတဲ့ အခါ ဒေါင်းလဒ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ထို ၀န်ဆောင်မှု ကို သုံစွဲဖို့ လစဉ်ကြေး ဘယ်လောက်ကျမယ်ဆိုတာကိုလည်း LG ကထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. Phone ကနေပြီးမြန်မာစာမတွေ့ရလို့ဘယ်လိုလုပ်ရမယ်ဆိုတာ yowoo2012@gmail.com
    ပြန်ကြားပေးစေချင်ပါတယ်ဗျာ phone အမျိုးစား Sansung Googleမှတော့တွေ့ရတယ် Wedမှာမတွေ့ရဘူးဖြစ်နေလို့ပါဗျာ

    ReplyDelete