Powered by Blogger.

ကမ္ဘာ့အသေးဆုံး ဖုန်းအားသွင်းစက်ကို တီထွင်မိတ်ဆက်




Brunel တက္ကသိုလ်က ကျောင်းသားနှစ်ဦးဟာ ကမ္ဘာပေါ်မှာ အသေးဆုံး ဖုန်းအားသွင်းစက်ကို တီထွင်လိုက်ပါတယ်။ AA ဘက်ထရီဓာတ်ခဲနှစ်လုံး နဲ့ သံလိုက်တစ်ခုကိုသာ အသုံးပြုထားပြီး ဖုန်းတစ်လုံးကို အားသွင်းပေးနိုင်မှာပါ။

‘The Nipper’ လို့ အမည်ပေးထားတဲ့ ဒီ charger ဟာ အလေးချိန် ၁၀ ဂရမ်သာ ရှိပြီး သော့တွဲမှာ ချိတ်တပ်ထားလို့ ရတဲ့အထိ သေးငယ်ပါတယ်။

ထုတ်ကုန်ဒီဇိုင်းနဲ့ အင်ဂျင်နီယာဘာသာရပ်ဘွဲ့ ကို မကြာမီကမှ ရရှိခဲ့တဲ့ ကျောင်းသား နှစ်ဦးဖြစ်တဲ့ Tait နဲ့ Stokes ဟာ အာမခံကုမ္ပဏီ Direct Line က ကျင်းပတဲ့ ‘ နေ့ စဉ်သုံး အကောင်းဆုံး gadget’  ပြိုင်ပွဲ မှာ ဒီပစ္စည်းနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပစ္စည်းကို စီးပွားဖြစ်ထုတ်လုပ်ဖို့ အတွက် ကုမ္ပဏီရဲ့ ကျောထောက်နောက်ခံပေးမှုကို ရရှိခဲ့ပြီး ‘Design of Impulse’ လို့ အမည်ပေးထားတဲ့ ကုမ္ပဏီအသစ်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။

ဒီ အားသွင်းစက်ကို 3D Printer အသုံးပြုထုတ်လုပ်ထားပြီး သံလိုက်နှစ်ခုနဲ့ micro USB တစ်ခုကနေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လမ်းမှာ သင့်ရဲ့ဖုန်းကို အားသွင်းဖို့ လိုအပ်လာရင် AA ဓာတ်ခဲနှစ်လုံးကို သံလိုက်ကြားမှာထည့်ပြီး ဖုန်းမှာ ပလပ်တပ်လိုက်ရုံနဲ့ လွယ်ကူစွာ အားသွင်းနိုင်မှာဖြစ်ပါတယ်။

Nipper ဟာ အများဆုံး ၁၂ ပေါင်သာ ကုန်ကျစရိတ်ရှိပြီး ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ ဒီ ပရောဂျက်ကို လွှင့်တင်ခဲ့ကာ ရန်ပုံငွေ ၈၀၀၀ အထက် ရဖို့ အတွက် သူတို့ နှစ်ဦးက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Android ဖုန်းအများစု နဲ့ Kindles တို့ မှာအသုံးပြုနိုင်မယ့် Nipper charger ကို Kickstarter မှာ နောက်လထဲ ရန်ပုံငွေပြည့်တာနဲ့ စတင်ထုတ်လုပ်သွားမယ် လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref: telegraph
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment