Powered by Blogger.

မိုးကြိုးလေးကြိမ်ဆက်တိုက်ပစ်ခတ်မှုကြောင့် Google server က သုံးစွဲသူတွေရဲ့ဒေတာအချက်အလက်တွေ ဆုံးရှုံး




ဘယ်ဂျီယံနိုင်ငံက Google ရဲ့ ဒေတာအချက်အလက်သိမ်းဆည်းရာဌာနကို မိုးကြိုးလေးကြိမ် ဆက်တိုက်ပစ်ခတ်မှုကြောင့် သုံးစွဲသူတွေရဲ့ ဒေတာအချို့ လုံးဝပျက်စီးခဲ့ရတယ်လို့  Google က တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မိုးကြီုးပစ်မှုကြောင့် အချက်အလက်သိမ်းဆည်းတဲ့ disk တော်တော်များများ ထိခိုက်မှု ရှိခဲ့ပေမယ့် မကြာခင်မှာ ပြန်လည်အသုံးပြုလို့ ရခဲ့တယ်လို့ ဆိုပါတယ်။

Google Compute Engine (GCE) ဆာဗာဟာ Google သုံးစွဲသူတွေ ရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးပြီး cloud စနစ်အတွင်းကနေ virtual computer တွေကို သုံးစွဲနိုင်အောင် လုပ်ပေးတဲ့ cloud ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

Google က ထုတ်ပြန်ခဲ့တဲ့ အွန်လိုင်းကြေငြာချက်မှာတော့ disk သိုလှောင်မှုပမာဏရဲ့ ၀.၀၀၀၀၀၁ ရာခိုင်နှုန်းသာ လုံးလုံးပျက်စီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 “ အလိုအလျောက်အရန်စနစ်တွေက လျှပ်စစ်ဓာတ်အား အမြန်အဆန်ပြန်တင်ပေးနိုင်ခဲ့ပြီး၊ အချက်အလက်သိမ်းဆည်းတဲ့စက်တွေမှာ အရန်ဘက်ထရီတပ်ဆင်ထားပေမယ့်လည်း ဆက်တိုက်ဘက်ထရီကုန်ခန်းမှုကြောင့် ပါဝါပြတ်တောက်ခြင်းကို ခံနိုင်ရည်မရှိတဲ့ အချက်အလက်သိမ်းဆည်းစက်တွေထဲမှာ လတ်တလောမှတ်ထားတဲ့ တစ်ချို့ ဒေတာတွေ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်” လို့ Google က ဖြေရှင်း ခဲ့ပါတယ်။

ပုံမှန်အားဖြင့် data centre တွေဟာ တခြားအဆောက်အဦးတွေထက် မိုးကြိုးကာကွယ်မှု ပိုမိုလိုအပ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment