Powered by Blogger.

လှိုင်းရှိစရာမလိုဘဲ ကြိုက်တဲ့ရေပြင်မှာ လှိုင်းစီးနိုင်တဲ့ အီလက်ထရစ်လှိုင်းစီးဘုတ်ပြား




စိတ်လှုပ်ရှားရတာကိုမှ နှစ်ခြိုက်စွဲလမ်းသူတေတွဟာ ပင်လယ်ပြင်ထွက်ပြီး လှိုင်းလုံးစီး ဖို့ စောင့်နေစရာမလိုတော့ပါဘူး။ ရေပြင်ညီရေပြင်မှာလည်း လှိုင်းစီးလို့ ရပါပြီ။

ပင်လယ်ပြင်တင်မဟုတ်ဘဲ မြစ်ချောင်း၊ရေကန်တွေမှာလည်း လှိုင်းစီးနိုင်မယ့် ဘက်ထရီအားသုံးဘုတ်ပြားကို တီထွင်လိုက်ပါပြီ။

စပိန်ကုမ္ပဏီ Onea ဟာ Carver နှင့် Manta လှိုင်းစီးဘုတ်ပြားနှစ်မျိုးကို ၂၀၁၃ ခုနှစ်ကတည်းက ထုတ်လုပ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ဒီလှိုင်းစီးဘုတ်ပြားဟာ အသံလုံးဝမဆူညံဘဲ ဘက်ထရီအားသုံးမော်တာကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

လှိုင်းစီးမှုကိုအရူးအမူးစွဲလမ်းသူတွေအတွက် Carver ဘုတ်ပြားက အသင့်တော်ဆုံး ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ သာမန်ဘုတ်ပြားတစ်ခုနဲ့ ပုံစံတူပြီး အမြန်နှုန်း သိသိသာသာမြန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘက်ထရီအားပြည့်မှာ မိနစ် ၂၀ လောက်အထိပဲ အသုံးပြုနိုင်မှာပါ။ အမြန်နှုန်းနဲ့ ဦးတည်ဘက်ကိုတော့ လက်ကိုင်ရီမုတ်ကနေတဆင့် ထိန်းချုပ်နိုင်ပါတယ်။

Manta ဘုတ်ပြားကတော့ ထောင့်မှန်စတုဂံပုံစံပိုကျပြီး ရေထဲမှာ ဟိုဟိုဒီဒီ လျှောက်စီး ရုံအတွက်ဖြစ်ပါတယ်။ အမြန်ဆုံးနှုန်းကတော့ တစ်နာရီ ၅ မိုင်ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဘက်ထရီသက်တမ်းက သိသိသာသာပိုကြာပြီး နှစ်နာရီအထိ စီးနိုင်မှာ ဖြစ်ပါတယ်။

ဘုတ်ပြားနှစ်မျိုးကို ကြိုတင်မှာထားနိုင်ပြီး ဈေးကတော့ နည်းနည်းများပါတယ်။

Carver ဘုတ်ကို လက်လီဈေးအနေနဲ့ ပေါင် ၂၄၃၀ ကျသင့်မှာဖြစ်ပြီး Manta ဘုတ်က တော့ ပေါင် ၂၅၇၁ ပေါင်ကျသင့်မှာပါ။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment