Powered by Blogger.

Huawei က Honor 7i ဆိုတဲ့ ဟန်းဆက် အသစ်တစ်မျိုးကို ဘေဂျင်းမှာ စတင်မိတ်ဆက်




Huawei ဟာ ကုမ္မဏီရဲ့ IFA စတင်ခြင်း အခမ်းအနားကို ပြီးခဲ့တဲ့ ၂ ပတ်ကမှ ကျင်းပပြုလပ်ြခဲ့တာဆိုပေမယ့်လည်း သူတို့ရဲ့ ကုန်ပစ္စည်း အသစ် ထုတ်လုပ်မှု အတွက်တော့ Huawei ဟာ အချိန်တစ်ခုကို စောင့်မနေခဲ့ပါဘူး။

သြဂုတ်လ ၂၁ ရက်နေ့မှာပဲ Huawei က Honor 7i ဆိုတဲ့ ဟန်းဆက် အသစ်တစ်မျိုးကို ဘေဂျင်းမြို့မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Honor 7i ကတော့ Oppo ရဲ့ N စီးရီး နဲ့ ဆင်တူတဲ့ လုပ်ဆောင်ချက်တစ်ခုပါလာပါတယ်။ အဲဒါကတော့ ကင်မရာတစ်လုံးကို အရှေ့နဲ့ အနောက် လှည့်ပြီး သုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် အရည်အသွေးမြင့်တဲ့ Selfie ဓါတ်ပုံတွေကို ရနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာကို ဦးစားပေးတဲ့ စမတ်ဖုန်းဖြစ်တဲ့အလျောက် ဖုန်းကင်မရာဟာ 13 Megapixel ကြည်လင်ပြတ်သားမှု ရှိပြီး f/2.0 aperture ပါရှိကာ ၂၈ မီလီမီတာ ကျယ်ဝန်းတဲ့ မှန်ဘီဘလူး နဲ့ အရောင်၂ဆ ရှိတဲ့ LED မီးအလင်း တို့လည်းပါဝင်နေပါတယ်။ ပိုကောင်းတာတစ်ခုကတော့ Honor 7i ဟာ မျက်နှာပြင်အနေအထားကို ချိန်ညှိခြင်းဖြင့်လည်း သင့်ရဲ့ ဆယ်လ်ဖီ ဓါတ်ပုံတွေကို အမှောင်ထဲမှာ ရိုက်ကူးပြီး တောက်ပ တဲ့ ရုပ်ထွက် မျိုး ရ အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။

လက်ဗွေရာ ဖတ်တဲ့ ခလုတ်တစ်ခုလည်း ဖုန်းရဲ့ ဘယ်ဘက် အခြမ်းမှာပါဝင်ပြီး ထိုခလုတ်ကို ပဲ ၂ ကြိမ်ဆက်တိုက် နှိပ်လိုက်တဲ့အခါမှာ ကင်မရာ ခလုတ်အဖြစ်အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဘယ်လက်နဲ့ ဆယ်လ်ဖီ ရိုက်လိုသူတွေအတွက် လွယ်ကူပါတယ်။ ဒါ့အပြင် Honor 7i ဟာ Octa-Core Snapdragon 616 Chipset ကို သုံးထားတဲ့အတွက်လည်း မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်ဦးမှာပါ။

၅.၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်လည်း ပါရှိပြီး 1080p ရှိတဲ့ IPS ပြသမှုကိုလည်း ပြသနိုင်ပါတယ်။ RAM ကလည်း 3GB အထိပါဝင်ပြီး အတွင်း သိုလှောင်ပမာဏ ကတော့ 32GB အထိ ပါဝင်နေပါတယ်။ 3100 mAh ရှိတဲ့ ဘက်ထရီနဲ့ Nano SIM ထည့်သွင်းနိုင်တဲ့ slot ၂ ခုလည်း ပါဝင်နေတဲ့အတွက် Dual SIM အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရောင်ကတော့ ငွေရောင် နဲ့ ရွှေရောင် ၂ မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

Honor 7i မှာ ရွေးချယ်စရာ ၂ မျိုးရှိနေပါတယ်။ 2GB RAM ပါဝင်ပြီး အတွင်းသိုလှောင်ပမာဏ 16GB ရှိတဲ့ ဖုန်းတွေအတွက် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၅၀ ကျသင့်မှာ ဖြစ်ပြီး 3GB RAM ပါဝင်ပြီး အတွင်း သိုလှောင်ပမာဏ 32GB ရှိတဲ့ ဖုန်းတွေအတွက်တော့ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment