Powered by Blogger.

ကြိုးမဲ့စပီကာအပြင် တီဗွီရီမုတ်အဖြစ်ပါ အသုံးပြုနိုင်တဲ့ ထူးဆန်းတဲ့ Gadget တစ်မျိုးကို Sony ထုတ်လုပ်





ထွက်ရှိပြီးသမျှ gadget တွေထဲမှာ အထူးဆန်းဆုံး gadget တစ်ခုဖြစ်ပြီး နည်းပညာကျွမ်းကျင်သူတွေကိုပါ ဇဝေဇ၀ါဖြစ်စေခဲ့တဲ့ gadget တစ်မျိုးကို Sony က ထုတ်လုပ်လိုက်ပါတယ်။

ဒေါ်လာ ၁၇၀ တန်ကြေးရှိတဲ့ အဆိုပါ gadget ဟာ တကယ်တမ်းတော့ ကြိုးမဲ့စပီကာတစ်လုံး ဖြစ်ပြီး အပေါ်မှာ ရီမုတ်ကွန်ထရိုးလည်း ပါဝင်ပါတယ်။

အိပ်ရာထဲ ဒါမှမဟုတ် ရေချိုးခန်းကနေ ရုပ်မြင်သံကြားကို နားဆင်နိုင်ပြီး တစ်ချိန်တည်းမှာ ရုပ်မြင်သံကြားစက်ကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ Sony က ပြောကြားပါတယ်။
အဆိုပါ ကြိုးမဲ့စပီကာဟာ TV နဲ့ ချိတ်ဆက်ဖို့ အတွက် ကြိုးမဲ့စက်တစ်ခုကို အသုံးပြုထားပြီး အသံအတိုးအချဲ့ ခလုတ်တစ်ခုပါရှိကာ အထဲကိုဖိသွင်းလိုက်ရင် mute ဖြစ်သွားတယ်လို့ သိရပါတယ်။

SRS-LSR100 ကြိုးမဲ့စပီကာရီမုတ်ကွန်ထရိုးကို ဂျပန်နိုင်ငံမှာ စက်တင်ဘ ၁၂ ရက်နေ့ က စတင်ပြီး ယန်း ၁၉၉၈၀ (ဒေါ်လာ ၁၆၇ ခန့် ) နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Sony ဟာ ထူးဆန်းတဲ့အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်လေ့ရှိပြီး မကြာသေးခင်က ကပြဖျော်ဖြေနိုင်တဲ့စက်ရုပ်တစ်ဖြစ်လဲ MP3 စပီကာ ‘Rolly’ ကို ထုတ်လုပ်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment