Powered by Blogger.

တုတ်ချောင်းအသွင် လိပ်သိမ်းနိုင်တဲ့ LG ရဲ့ ခရီးဆောင်ကီးဘုတ်အသစ် Rolly




LG ဟာ tablet နဲ့ မိုဘိုင်းဖုန်းတွေအတွက် bluetooth စနစ်ပါဝင်ပြီး အသုံးမပြုလိုတဲ့အခါ တုတ်ချောင်း အသွင်လိပ်သိမ်းလို့ ရတဲ့ ခရီးဆောင်ကီးဘုတ်အသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ခရီးဆောင်ကီးဘုတ်ဆိုတာ တော်တော်အခက်အခဲများတဲ့ gadget တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက် စာရိုက်နိုင်ဖို့ အတွက်လည်း အရွယ်အစားကြီးရမှာဖြစ်ပြီး အလွယ်တကူသယ်ဆောင်သွားနိုင်ဖို့ အတွက် လည်း သေးနိုင်သလောက် သေးရမှာဖြစ်ပါတယ်။

LG ဟာ သာမန် ကီးဘုတ်အရွယ်အစားနီးပါး ရှိပြီး တုတ်ချောင်းတစ်ချောင်းအဖြစ် သိမ်းဆည်းနိုင်တဲ့ Rolly Keyboard နဲ့  ဒီပြဿနာကို ဖြေရှင်းလိုက်နိုင်ပါပြီ။

သာမန်ကီးဘုတ်ရဲ့အလျားအတိုင်းရှိပြီး အိတ်ထဲ ထည့်ယူသွားလို့ ရတယ်လို့ LG က ကြေငြာထားပါတယ်။ အရွယ်အစားအတိအကျကိုတော့ LG က ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
ပုံမှန်မြင်နေကျ ကီးဘုတ်တွေထက် ခလုတ်အတန်း နှစ်ခုနည်းပါးကာ လေးခုပဲပါရှိပြီး နံပါတ်နဲ့ Fn ကီး အတန်း မပါပါဘူး။ ဒါပေမယ့် နံပတ်တွေကို အောက်မှာပါဝင်တဲ့ Fn ကီးကနေ ရိုက်နှိပ်နိုင်ပါတယ်။

Rolly ကို ပြင်ပဒဏ်ခံနိုင်စွမ်းရှိပြီး ကြာရှည်ခံတဲ့ ပိုလီကာဘွန်နိတ်နဲ့ ABS ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အရွယ်အစား ၁၀ လက်မအထိရှိတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို တင်ထားနိုင်မယ့် ခေါက်သိမ်းနိုင်တဲ့လက်တံလည်းပါဝင်ပါတယ်။ ကြိုးမဲ့စနစ်ဖြစ်ပြီး AAA ဓာတ်ခဲတစ်လုံး ထည့်ထားရုံနိုင်နဲ့ ပျှမ်းမျှ သုံးလအထိ သုံးစွဲနိုင်တယ်လို့ LG က ဆိုပါတယ်။

Rolly ကီးဘုတ်ကို စက်တင်ဘာလထဲမှာ အမေရိကန်ဈေးကွက်မှာ စတင်ဖြန့် ချိမှာဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ၂၀၁၅ နောက်ဆုံးသုံးလထဲမှာ ရရှိမှာဖြစ်ပါတယ်။ ဈေးကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: mashable
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment