Powered by Blogger.

iOS 9 အသုံးပြုထားတဲ့ Apple TV အသစ်ကို စက်တင်ဘာလအတွင်း ဖြန့် ချိဖွယ်ရှိ




Apple ရဲ့ set top box (ဒီဂျစ်တယ်ရုပ်သံထပ်ဆင့်ဖမ်းယူလွှင့်စက်) အသစ်ဟာ iPhone တစ်လုံးကို အသုံးပြုနေရသလို ခံစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမော်ဒယ်အသစ်ဟာ အရင် interface စနစ်နဲ့ မတူဘဲ iPhone နဲ့ iPad တွေမှာ အသုံးပြုတဲ့ iOS စနစ်ကို အဓိကအသုံးပြုထားတဲ့ ပထမဆုံး Apple TV ဖြစ်တယ်လို့ Apple ထုတ်ကုန်တွေအကြောင်း အဓိကထားတင်ဆက်တဲ့ 9to5Mac website ရဲ့ Mark Gurman က ရေးသားခဲ့ပါတယ်။

အသစ်ထွက်ရှိမယ့်မော်ဒယ်ကို J34 လို့ ကုတ်နံမည်ပေးထားပြီး နောက်လပြပွဲမှာ ထွက်ရှိမယ်လို့ သတင်းထွက်နေတဲ့ iPhone အသစ်နဲ့ တစ်ပါတည်း မိတ်ဆက်သွားဖွယ် ရှိကြောင်းလည်း သိရပါတယ်။

အသုံးပြုထားတဲ့ဆော့ဖ်ဝဲတွေအပြင် Apple TV အတွက် App Store တစ်ခုကိုပါ မိတ်ဆက်မှာဖြစ်ပြီး developer တွေဟာ Apple ရဲ့ တခြားပစ္စည်းတွေလိုပဲ Apple TV အတွက် စိတ်ကြိုက် app တွေ ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

အသစ်ထွက်ရှိမယ့် Apple TV ဟာ Siri ကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီး အသံဖမ်းယူနိုင်တဲ့ အဝေးထိန်းကိရိယာ ( remote control) ပါ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ပိုမို ကျစ်လျစ်ကျယ်ပြန့် တဲ့ဒီဇိုင်း၊ သိုလှောင်မှုပမာဏပိုများပြီး ပိုမိုမြန်ဆန်တဲ့ ပရိုဆက်ဆာ ပါဝင်လာမှာဖြစ်တယ်လို့ မှန်းဆထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : businessinsider
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment