Powered by Blogger.

Android Marshmallow စနစ်သုံး လက်ဗွေရာစနစ်ပါဝင်မယ့် Google ရဲ့ မျိုးဆက်သစ် Nexus 5 ဖုန်းဓာတ်ပုံ အွန်လိုင်းမှာ ပေါက်ကြား




ဖုန်းရဲ့နောက်ကျောဘက်မှာ စက်ဝိုင်းပုံလက်ဗွေရာစနစ်ပါဝင်လာပြီး LED ကင်မရာနဲ့ Google ရဲ့ မျိုးဆက်သစ် Nexus 5 ဖုန်းဟာ အင်တာနက်မှာ သတင်းပေါက်ကြားသွားပြီဖြစ်ပါတယ်။

Marques Brownless  လို့ ခေါ်တဲ့ ဘလော့ဂ်ဂါတစ်ယောက်ရဲ့ profile မှာ အဆိုပါ ဓာတ်ပုံ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး ဖုန်းရဲ့နောက်ကျောဘက်မှာ LG အမှတ်တံဆိပ် ကိုပါ တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။

LG ဟာ ၅.၂ လက်မအရွယ်အစားရှိတဲ့ Nexus ဖုန်း အသစ်တစ်လုံး ထုတ်လုပ်မယ်ဆိုတဲ့ သတင်းတွေဟာ သေချာသလောက် ဖြစ်သွားပြီ ဖြစ်ပါတယ်။

Nexus 5 ဖုန်းအသစ်ဟာ Google ရဲ့ Andoid စနစ်အသစ်တစ်ခုဖြစ်တဲ့ Android Marshmallow ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပြီး Huawei က ထုတ်လုပ်ပေးတဲ့ ၅.၇ လက်မအရွယ်အစား Nexus 6 ဖုန်းအသစ်ကိုလည်း ကြေငြာဖို့ ရှိကြောင်း သိရပါတယ်။

ဒီနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်ခဲ့တဲ့ I/O အစည်းအဝေးမှာ Google ဟာ Android Marshmallow လို့ ခေါ်တဲ့ Android စနစ်အသစ်ကို စတင်မိတ်ဆက်ခဲ့ပြီး ဒီ Android M ဟာ တစ်ချို့ ဟန်းဆက်တွေရဲ့ ဘက်ထရီသက်တမ်းကို နှစ်ဆ တိုးမြှင့်ပေးနိုင်ပြီး တစ်ပါတည်းထည့်သွင်းထားတဲ့ ငွေပေးချေမှုစနစ် (built-in payment system) ပါ ပါဝင်လာမှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

Android M မှာ အဆင့်မြင့်အထောက်အကူပြုစနစ်အသစ်တစ်ခုပါ ပါဝင်မှာဖြစ်ပြီး သုံးစွဲသူရဲ့အခြေအနေပေါ်မူတည်ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးသွားနိုင်မယ့် စနစ်ဖြစ်တယ်လို့ Google ရဲ့ ထုတ်လုပ်ရေးမန်နေဂျာ Aparna Chennapragada က ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment