Powered by Blogger.

iPhone အသစ် နဲ့ iPad အသစ် နောက်လထဲ ထွက်မယ်လို့ သတင်းတွေထွက်ပေါ်




အကယ်၍ သင်ဟာ iPhone 6S (သို့) iPhone 7 ကို ပြောင်းကိုင်ချင်နေသူတစ်ယောက်ဆိုရင်တော့ သင် သိပ်အကြာကြီး မစောင့်ရတော့ပါဘူး။

အသစ်ထွက်ပေါ်လာပြန်တဲ့ ကောလာဟလ တွေအရ Apple ဟာ iPhone အသစ်တစ်မျိုးနဲ့ iPad အသစ်တစ်မျိုးတို့ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ မျိုးဆက်သစ် Gadgets တွေကို Apple ရဲ့ ထုတ်ကုန် အသစ်တွေမှာ ထည့်သွင်းထားမယ်ဆိုတာသေချာပေမယ့်လည်း iPhone အသစ်ကတော့ လက်ရှိ iPhone ထက်ပိုထူဦးမယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။

မျှော်လင့်နိုင်တာ တစ်ခုကတော့ Apple Watch တွေမှာ ထည့်သွင်းထားတဲ့ Force Touch ဆိုတဲ့ လုပ်ဆောင်ချက်ကိုတော့ လာမယ့် Apple ထုတ်ကုန် အသစ်တွေမှာ ထည့်သွင်းသွားဖွယ်ရှိနေပါတယ်တဲ့။

BuzzFeed သတင်းဝက်ဘ်ဆိုက်မှာ ရေးသားခဲ့တာကတော့ Apple ကုမ္မဏီဟာ ပုံစံတူ ပါဖောမန့် ဟောင်းတစ်ခုကို ပြန်လည် အသုံးပြုဖို့စီစဉ်နေပြီး ဒါဟာ မနှစ်က စက်တင်ဘာ ၉ ရက်မှာ iPhone 6 နဲ့ 6Plus တို့ကိုထုတ်လုပ်ခဲ့သလို ဒီနှစ် စက်တင်ဘာ ၉ ရက်မှာလည်း ထုတ်ကုန် အသစ်တွေ မိတ်ဆက်လိမ့်မယ်ဆိုတာပါပဲ။

Apple က iPhone 6S ကိုထုတ်ဖြစ်ခဲ့ရင် iPhone 6S Plus နဲ့ iPhone 6C တို့ကိုပါထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ Apple ကထုတ်လုပ်မယ့် iPad အသစ်ကတော့ iPad Pro လို့နာမည်ပေးထားပြီး ၁၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ ကြီးမားတဲ့ iPad တစ်ခုပဲ ဖြစ်လိမ့်မယ်လို့ နည်းပညာ နယ်ပယ်ကို မျက်ခြေမပြတ် စောင့်ကြည့်နေသူတွေက ခန့်မှန်းထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment