Powered by Blogger.

ကျောပိုးအိတ်ထဲ ထည့်ပြီး သယ်ဆောင်သွားနိုင်မယ့် သယ်ယူပို့ဆောင်ရေး စက် WalkCar




ဂျပန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်တဲ့ သယ်ဆောင်ရလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေး စက် “ WalkCar” ဟာ အသုံးမပြုချင်တဲ့အချိန်မှာ ကျောပိုးအိတ်ထဲ ထည့်ထားလို့ရပါသတဲ့။

Cocoa Motors က You Tube မှာ တစ်နာရီ ၆မိုင်နှုန်းသွားနိုင်ပြီး ၆.၆ ပေါင်လေးတဲ့ လျှပ်စစ်သယ်ယူပို့ဆောင်ရေးစက် “ WalkCar” ကို ထုတ်ဖော်ပြသသွားပါတယ်။

ဗီဒီယိုထဲမှာတော့ WalkCar စီးသူဟာ သွားချင်ထဲဘက်ကို နည်းနည်းစောင်းပြီး ဦးတည်ချက်ကို ဘယ်လိုပြောင်းလဲအသုံးပြုတယ်ဆိုတာကို ပြသထားပါတယ်။ ပြီးတော့ ရပ်မယ်ဆိုရင်လည်း မြေကြီးပေါ်ကို ခြေထောက်ချလိုက်ရုံနဲ့  စက်ကိုရပ်တန့်နိုင်မှာဖြစ်ပါတယ်။

ဒီစက်ဟာ ပေါင် ၂၆၅ အလေးချိန်ကို ခံနိုင်ရည်ရှိပြီး ဒီထက်ပိုလေးတဲ့ တွန်းလှည်းတစ်ခုကို ဘယ်လိုတွန်းလို့ရတယ်ဆိုတာကိုလည်း ပြသထားပါတယ်။ တနင်္ဂနွေနေ့က ကုမ္ပဏီကတင်ထားတာကတော့ အသေးဆုံးနဲ့နောက်ဆုံးထွက် Prototype WalkaCar ပဲ ဖြစ်ပါတယ်။

ကုမ္ပဏီပြောပြချက်အရ အသုံးပြုသူတွေဟာ အောက်တိုဘာလမှာ စတင်မိတ်ဆက်ပေးမယ့် Kickstarter Camgaign မှာ WalkCar တွေကို ကြိုတင်အော်ဒါမှာယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment