Powered by Blogger.

လူ ၇၅ ရာခိုင်နှုန်းဟာ ဖုန်းရဲ့ lock screen pattern ကို ထောင့်နေရာကနေ စဆွဲကြကြောင်း လေ့လာတွေ့ ရှိ




လှို့ ဝှက်နံပါတ် 12345 ဒါမှမဟုတ် password တို့ ဟာ လုံခြုံစိတ်ချမှုမရှိကြောင်း သိရှိပြီးဖြစ်ပါတယ်။ သင့်ဖုန်းရဲ့ pattern lock ကကော စိတ်ချမှုရှိရဲ့လား။

ကျွန်တော်တို့ အများစုဟာ ဟန်းဆက်ကို လော့ခ်ဖြည်ဖို့ အတွက် ပုံစံတူ pattern တွေကို အသုံးပြုကြပြီး မသမာသူတွေဟာ အလွယ်တကူခန့် မှန်းနိုင်ကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ လူဦးရေ လေးပုံ သုံးပုံဟာ screen lock pattern ကို ထောင့်နေရာကနေ စတင်ဆွဲကြကြောင်း သိရပါတယ်။

နော်ဝေးသိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ဘွဲ့ ရကျောင်းသူ Marte Loge က ဒီလေ့လာမှုမှာ ပါဝင်ခဲ့သူ ၄၄ ရာခိုင်နှုန်းဟာ သူတို့ ရဲ့ Android ဖုန်း Lock screen password ကို ဘယ်ဘက်အပေါ်ဆုံးထောင့်ကနေ စတင်ဆွဲကြတယ်လို့ ဆိုပါတယ်။

pattern ၁၀ ရာခိုင်နှုန်းလောက်ဟာ N တို့ C တို့ လို အက္ခရာစာလုံးတစ်လုံးကို ပေးတတ်ကြပြီး များသောအားဖြင့် ပိုင်ရှင်နာမည်၊ဒါမှမဟုတ် ချစ်သူနာမည်နဲ့ တူညီတဲ့ စာလုံးမျိုးကို ပေးတတ်ကြတယ်လို့ ဆိုပါတယ်။

သူမဟာ လေ့လာမှုမှာပါဝင်သူတွေကို shopping app အတုတစ်ခု၊ ဘဏ် application အတု တစ်ခုနဲ့ ဖုန်းလော့ခ်ဖြည်ဖို့ တစ်ခု စုစုပေါင်းသုံးခု ဆွဲခိုင်းစေခဲ့ပါတယ်။

လူအများစုဟာ အမှတ်လေးခုသာ ပါတဲ့ pattern ကို ပေးကြပြီး အများဆုံးအမှတ်အရေအတွက် ကိုးခု ပါဝင်တဲ့ pattern ထက် လုံခြုံစိတ်ချရမှု အရမ်းနည်းပါးပါတယ်။ လူတွေ ပျှမ်းမျှပေးတတ်ကြတဲ့ အမှတ်အရေအတွက်ဟာ ငါးခုဖြစ်ပြီး အဆိုပါ ဖုန်းကို lock ဖြည်နိုင်ဖို့ က ဖြစ်နိုင်တဲ့ pattern ပေါင်း ၈၀၀၀ တောင်မပြည့်ဘူးလို့ ဆိုပါတယ်။

 ဒီ့အပြင် လူတွေဟာ ဘယ်ဘက်ကနေ ညာဘက်ကို သွားတဲ့ pattern မျိုးကို ရွေးချယ်တတ်ကြတာမျိုး pattern အတွဲကို ခန့် မှန်းဖို့ ပိုမိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုရှုပ်ထွေး၊ရှည်လျားတဲ့ pattern မျိုးကို ပေးတတ်ကြပြီး ဘယ်သန်နဲ့ ညာသန်လူတွေမှာ တော့ မတူညီချက်အနည်းငယ်ရှိကြောင်း စိတ်ဝင်စားဖွယ်တွေ့ ရှိခဲ့ရပါတယ်။

“ လူတွေက အရမ်းခန့် မှန်းရလွယ်ပါတယ်။ pin code (ဂဏန်းခြောက်လုံးတွဲလှို့ဝှက်နံပါတ်) နဲ့ အက္ခရာနှင့်နံပါတ်ရော လှို့ ဝှက်နံပါတ်တွေ နဲ့ ပုံစံဖော်လော့ခ် (pattern lock) တွေ ပေးရာမှာ တူညီတဲ့ လက္ခဏာသွင်ပြင်တွေကို ကျွန်မတို့ တွေ့ ရှိရပါတယ်” လို့ Ms Loge က ပြောပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment