Powered by Blogger.

၁ မိနစ်ကို ဖုန်းခေါ်ဆိုခ ၂၀ကျပ်သာ ကျသင့်မယ့် အူရီဒူး ရဲ့ Phalan Phalan Voice အစီအစဉ် စတင်




မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့ အူရီဒူးက သုံးစွဲသူများ ဈေးနှုန်း သက်သာစွာ ဖုန်းခေါ်ဆိုနိုင်ရေးအတွက် တစ်မိနစ် ကိုမြန်မာငွေ ၂၀ ကျပ်သာ ကျသင့်မယ့် Phalan Phalan Voice ဆိုတဲ့အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

Phalan Phalan Voice အစီအစဉ် ကို ရယူဖို့အတွက်တော့ သိပ်ပြီး ခက်ခက်ခဲခဲ ကြိုးစားစရာမလိုပါဘူး။ အူရီဒူး ဆင်းမ်ကတ် ကို ဘေလ် ဖြည့်လိုက်ရုံနဲ့ Phalan Phalan Voice အစီအစဉ်ကို စတင်သုံးစွဲနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းခေါ်ဆိုခကိုလည်း တစ်မိနစ် ၂၀ ကျပ်လို့ ဆိုထားပေမယ့် ထိုနှုန်းထားအတိုင်း ဖုန်းပြောဆိုထားတဲ့ ကြာချိန်ကို စက္ကန့်အလိုက်တွက်ချက်ပြီး ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို ၀န်ဆောင်မှုကို အသုံးပြုရန်အတွက်တော့ ဘေလ် ဖြည့်ပြီး ၁ လ တိတိ အချိန်သတ်မှတ်ပေးထားပါတယ်။ Phalan Phalan Voice အစီအစဉ်ဟာ ပြည်တွင်းဖုန်းခေါ်ဆိုမှု အတွက်သာ အကျုံးဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Phalan Phalan Voice အစီအစဉ်မှာ ငွေကောက်ခံပုံ အဆင့်ဆင့်ရှိပါတယ်။ စက္ကန့်အလိုက် ကြာချိန်အတိုင်းကောက်ခံမှာ ဖြစ်တဲ့အတွက် တစ်မိနစ် ရဲ့ ပထမ စက္ကန့်မှာ ၁ စက္ကန့်ကို ၀.၃၃ ကျပ်သာ ကျသင့်မှာဖြစ်သလို ကျန် စက္ကန့် ၂၀ မှာလည်း ၁ စက္ကန့်ကို ၀.၃၄ ကျပ်သာ ကျသင့်ဦးမှာ ဖြစ်ပါတယ်။

Phalan Phalan Voice အစီအစဉ်နဲ့ ဗီဒီယို ဖုန်းခေါ်ဆိုမှု ပြုလုပ်မယ်ဆိုရင်တော့ တစ်မိနစ် ကို ၂၅ ကျပ်ကျသင့်မှာပါ။ ဒါပေမယ့်လည်း အူရီဒူးသုံးစွဲသူ ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်တဲ့ တစ်ဖက် ဖုန်းဟာ ဗီဒီယို ခေါ်ဆိုမှု လုပ်ဆောင်ချက်ကို အထောက်အပံ့မပေးနိုင်ရင်တော့ ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment