Powered by Blogger.

Nintendo ကုမ္မဏီ က 2DS ဂိမ်းစက်ဈေးနှုန်းကို ဒေါ်လာ ၁၀၀ ထိ လျှော့ချ




Nintendo က ထုတ်လုပ်တဲ့ လက်ကိုင် ဂိမ်းစက်လေးတွေထဲမှာ သင်ဘာကို အကြိုက်ဆုံးလဲ။ ဘာကို ရွေးချယ်ရမှန်းမသိဖြစ်နေရင်တော့ အကောင်းဆုံး ဂိမ်းစက်က 2DS ပဲဖြစ်ပါလိမ့်မယ်။

Nintendo ကုမ္မဏီဟာ 2DS ရဲ့ ဈေးနှုန်းတွေကို လျှော့ချပေးလိုက်ပါပြီ။ အရင်က စက်တစ်လုံးကို ဒေါ်လာ ၁၃၀ ၀န်းကျင်နဲ့ ရောင်းချရာကနေ အခုအခါမှာ ဒေါ်လာ ၁၀၀ သာ ကျသင့်တော့မှာ ဖြစ်ပါတယ်။

2DS ဆိုတာဟာ ပလတ်စတစ် ဂိမ်းစက်လေးတစ်ခုပါ။ ဂိမ်းစက် အပေါ်မှာတော့ မျက်နှာပြင် ၂ ခုပါဝင်ပြီး တစ်ခုက ဂိမ်းကို ပြသမယ့် မျက်နှာပြင်ဖြစ်ကာ နောက်မျက်နှာပြင်တစ်ခုကတော့ အခြားရွေးချယ်ခွင့်တွေကို ပြသမှာ ဖြစ်ပါတယ်။ လက်ကိုင်ခလုတ်တစ်ခု ၊ လမ်းကြောင်းညွှန်ပြတဲ့ခလုတ်တစ်ခု ၊ လုပ်ဆောင်ချက် ခလုတ် ၄ ခု တို့လည်းပါဝင်ပြီး အခြား ဂိမ်းစက်တွေရဲ့ ခလုတ်တွေလိုပဲ တည်ဆောက်ထားတာဖြစ်ပါတယ်။

Nintendo က ထုတ်လုပ်ဖူးတဲ့ လက်ကိုင်ဂိမ်းတွေဖြစ်ကြတဲ့ 3DS နဲ့ DS တို့မှာ ဆော့ကစားနိုင်မယ့် ဂိမ်းတွေအားလုံးကိုလည်း ဆော့နိုင်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၀၀ တန် 2DS မှာ ဆိုရင် Mario Kart 7 ရဲ့ ဒစ်ဂျစ်တယ် ကော်ပီ ဂိမ်းခွေကို မေတ္တာ လက်ဆောင်ထည့်ပေးဦးမှာ ဖြစ်ပါတယ်။

2DS ဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ကတည်းက ဒေါ်လာ ၁၃၀ နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဒီနှစ် ဇန်န၀ါရီလမှာတော့ Nintendo ဟာ 2DS အလုံးရေ ၂.၁ သန်းကျော် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment