Powered by Blogger.

၂၀၁၆ ခုနှစ်အတွင်း 5G ကွန်ရက်ကို Verizon စတင်စမ်းသပ်မည်




အမေရိက ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Verizon ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ 5G ဖုန်းကွန်ရက်ကို ကွင်းဆင်းစမ်းသပ်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့ က ကြေငြာလိုက်ပါတယ်။

5G ကွန်ရက်ကို စတင်အထောင်အထည်ဖော်ခြင်းဟာ 4G LTE နဲ့ တခြား ကုန်းတွင်းအင်တာနက်ဆက်သွယ်မှုတွေကို မှေးမှိန်သွားစေဖွယ်ရှိပါတယ်။

5G Network စွမ်းဆောင်ရည်အမြင့်ဆုံးဟာ  LTE ထက် စွမ်းဆောင်ရည်အဆ ၅၀ ပိုမိုမြင့်မားမှာဖြစ်တယ်လို့  Verizon က ပြောကြားခဲ့ပါတယ်။

5G ကွန်ရက်ဖော်ဆောင်မှုဟာ အချိန်ကြာမြင့်ဦးမှာဖြစ်ပြီး 5G နည်းပညာအတွက်လည်း စံနှုန်းတွေ မရှိသေးသလို၊ 5G ကွန်ရက်တစ်ခုဖော်ဆောင်ပြီးရင်တောင် ဟာ့ဒ်ဝဲပံ့ပိုးရောင်းချသူတွေဟာ ကွန်ရက်မှာ သုံးနိုင်မယ့်စက်ပစ္စည်းတွေကို ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ 4G LTE ကွန်ရက်စတင်လွှင့်ပြီးနောက် ယခု ၂၀၁၅ ခုနှစ်ထိတိုင်အောင် အမေရိက ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေဟာ ကွန်ရက်အပြည့်အ၀ လွှမ်းခြုံမှုရအောင် လုပ်ဆောင်နေရတုန်းဖြစ်ပါတယ်။

ဒီ့အပြင် LTE နည်းပညာဟာ ဆက်လက်ဖွံ့ ဖြိုးဦးမှာဖြစ်ပြီး ကွန်ရက်အများအပြားနဲ့ ကွန်ရက်သုံးစက်ပစ္စည်း (မိုဘိုင်းဖုန်း၊ router စသည်) တော်တော်များများဟာ LTE နည်းပညာရဲ့ အမြင့်ဆုံးဝန်ဆောင်မှုကို မရယူနိုင်သေးဘူးလို့ သိရပါတယ်။ LTE Advanced ကွန်ရက်မှာ၊ ဒေါင်းလုပ်ဆွဲချိန်ဟာ တစ်စက္ကန့် ကို ၁ ဂီဂါဘစ် အထိ မြန်ဆန်နိုင်ပြီး iPhone 6 နဲ့ 6 Plus တို့ တောင်မှ ဒေါင်းလုဒ်မြန်နှုန်း တစ်စက္ကန့် ကို ၁၅၀ မီဂါဘစ်သာ ထောက်ပံ့ပေးနိုင်ပါတယ်။

၂၀၂၀ ခုနှစ်နောက်ပိုင်းကာလမှာ 5G ကွန်ရက်ကို အမေရိကန်ပြည်ထောင်စုတွင်း စတင်အသုံးပြုနိုင်ဖို့  Verizon က မျှော်မှန်းထားကြောင်း သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: appleinsider

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment