Powered by Blogger.

ဒေါ်လာ ၄၀၀ မကျော်ပဲ အကောင်းဆုံး လုပ်ဆောင်ချက်တွေကို ရရှိမယ့် OnePlus 2 စမတ်ဖုန်း




သင့်အနေနဲ့ စမတ်ဖုန်း နည်းပညာ တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ပြင်းထန်တယ်ဆိုရင်တော့ OnePlus 2 ဆိုတဲ့ စမတ်ဖုန်း အကြောင်းကို သိထားသင့်ပါတယ်။ OnePlus 2 ဟာ တရုတ် နိုင်ငံ က OnePlus ကုမ္မဏီ ရဲ့ ဒုတိယ မြောက် ထုတ်လုပ်တဲ့ စမတ်ဖုန်းဖြစ်ပြီး ဒီနှစ်အတွက် "Flagship Killer" ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ပေးထားပါသေးတယ်။

အကြောင်းအရင်းတော့ ၅.၅ လက်မ ကျယ်ဝန်းတဲ့ ဒီ စမတ်ဖုန်းဟာ Snapdragon 810 Processor ၊ RAM က 4GB ပါဝင်သလို 1920 x 1080 ကြည်လင်ပြတ်သားမှု ရှိတဲ့ Full HD ကို ထည့်သွင်းပေးထားပါတယ်။ သိုလှောင် ပမာဏ ကတော့ 64GB ရှိပြီး ဒါတွေအားလုံး ရဲ့ ကုန်ကျစရိတ်ကတော့ ၃၆၈ ဒေါ်လာ သာ ကျသင့်မှာ ဖြစ်ပါတယ်။

၃၆၈ ဒေါ်လာ ထက်ဈေးသက်သာ တဲ့ ဗားရှင်းတွေကိုလည်း သင့်အနေနဲ့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ၃၆၈ ဒေါ်လာ ထက် ဈေးသက်သာ တယ်ဆိုတာ ဟာ သိုလှောင်ပမာဏ 16GB နဲ့ RAM 3GB တို့ ဖြစ်သွားတဲ့ ဗားရှင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ ဖုန်းရဲ့ ထူးခြားချက်တွေကတော့ Galaxy S6 လိုမျိုး လက်ဗွေရာ နဲ့ မျက်နှာပြင် လော့ခ် ကို ဖွင့်နိုင်တာပဲ ဖြစ်ပါတယ်။ လက်ဗွေရာ စနစ်ကို မသုံးချင်ရင်လည်း Pattern (သို့) Pin နံပါတ် တွေနဲ့လည်း သတ်မှတ်ထားနိုင်ပါတယ်။ iPhone လိုမျိုး တူညီတဲ့ လုပ်ဆောင်ချက်ကတော့ Notification Setting ကို ဖုန်းရဲ့ ဘေးဘက်မှာ နှိပ်ပြီး ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ USB စနစ်ကလည်း USB Type-C စနစ်နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပြီး အနီးအနားမှာ ရှိတဲ့ ဖုန်းချင်းဆက်သွယ်တဲ့ NFC စနစ်တော့ ပါဝင်ခြင်း မရှိပါဘူး။

အသုံးပြုထားတဲ့ Operating စနစ်ကတော့ Oxygen OS 2.0 ဖြစ်ပြီး Google ရဲ့ Android စနစ် အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ကင်မရာတွေအနေနဲ့ ကတော့ အနောက်ကင်မရာ က 13MP ဖြစ်ပြီး အရှေ့ ဆယ်လ်ဖီ ကင်မရာကတော့ 5MP ပါဝင်ပါတယ်။ 3,300mAh ဖြစ်တဲ့အတွက် နာရီ ၂၀ စာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီး ဘက်ထရီကို ဖြုတ်/တပ် လို့ မရနိုင်ပါဘူး။

လက်ရှိ ခေတ်စား နေတဲ့ 4K ရုပ်ထွက်မျိုး မဟုတ်ပေမယ့်လည်း စမတ်ဖုန်းတစ်လုံးအတွက် လုံလောက်တဲ့ HD ကြည်လင်ပြတ်သားမှုကိုတော့ အကောင်းဆုံး ပေးနိုင်တာ ဖြစ်တဲ့အတွက် ဒေါ်လာ ၄၀၀ မကျော်ပဲ အကောင်းဆုံး လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို ပိုင်ဆိုင်နိုင်မှာပါ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment