Powered by Blogger.

Alcatel One Touch က Windows 10 စနစ်သုံး စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမည်




Alcatel One Touch ကုမ္မဏီ ဟာ Microsoft ရဲ့ နောက်ကွယ် မှာ ရပ်တည်နေပါတယ်။ ထို တရုတ် ကုမ္မဏီဟာ သူတို့ ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေကြောင့် နာမည်ကျော်ကြားသူ ဖြစ်ပြီး အခုလည်း Microsoft ရဲ့ Windows 10 OS ပါဝင်မယ့် စမတ်ဖုန်း တစ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

"ငါတို့ဟာ Windows စနစ် နဲ့ အရမ်းကို လိုက်ဖက် မှု ရှိပါတယ်။" လို့ Alcatel One Touch ရဲ့ မြောက်အမေရိက ဆိုင်ရာ ဒု ဥက္ကဋ္ဌ Cistulli က ဆိုပါတယ်။

ထို စမတ်ဖုန်း ရဲ့ နာမည်ကတော့ Fierce XL လို့ ခေါ်ပြီး ထို သတင်းဟာ နည်းပညာ ဘလော့ဂ်ဂါ Evan Blass ရဲ့ Twitter ကတစ်ဆင့် ပေါက်ကြားလာတာပဲ ဖြစ်ပါတယ်။

တစ်ကယ်တော့ အမေရိကန် ပြည်ထောင်စု မှာ Windows Phone သုံးစွဲသူဟာ ၄ ရာခိုင်နှုန်း ထက်မပိုဘူးလို့ Kantar WorldPanel သတင်းဌာန ရဲ့ ပြောကြားချက်အရ သိရပါတယ်။ Microsoft ဟာ သူ့ရဲ့ Windows OS  စနစ် ကို စမတ်ဖုန်း တွေမှာ ထည့်သွင်းနိုင်ဖို့အတွက် Nokia ဖုန်း ကုမ္မဏီ နဲ့လည်း မနှစ်က ပူးပေါင်းခဲ့ပါသေးတယ်။

ဒါ့အပြင် Microsoft က အရည်အသွေးမြင့် Windows 10 စနစ်သုံး စမတ်ဖုန်းတွေကို ၂၀၁၅ နှစ်ကုန် မှာ ထုတ်လုပ်သွားမယ်လို့လည်း ကြေညာထားပါသေးတယ်။ တစ်ကယ်တော့ Windows ဖုန်းတွေဟာ အရည်အသွေးမြင့် စမတ်ဖုန်းတွေမှာ ထက် တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ပိုပြီး အောင်မြင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒေါ်လာ ၁၀၀ ၀န်းကျင်ပဲ ကျသင့်တဲ့ Lumia 532 ဟာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တာပါ။

တရုတ် တယ်လီဗေးရှင်း ကုမ္မဏီ တစ်ခုဖြစ်တဲ့ TCL က ပိုင်ဆိုင်ထားတဲ့ Alcatel One Touch ဟာ အမေရိကန် ပြည်ထောင်စုမှာ စမတ်ဖုန်းရောင်းချလာခဲ့တာ ၂ နှစ်ကျော်ပြီဖြစ်ပြီး အခုလည်း တန်ဖိုးနည်း Windows 10 စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချ နိုင်ဖို့ ကုမ္မဏီ ကမျှော်လင့်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment