Powered by Blogger.

သြဇီ ရဲတပ်ဖွဲ့က ငှားရမ်းထားတဲ့ McLaren နဲ့ Aston Martin ပြိုင်ကား ၂ စီး




သြစတြေးလျ နိုင်ငံ က ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းပေါ်က ရမ်းကားတဲ့ ပြိုင်ကားသမား တွေကို ဖမ်းဖို့အတွက် McLaren 650S နဲ့ Aston Martin Vanquish Volante တို့ကို အသုံးပြုတော့မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီ စူပါကားတွေဟာ သာမန် ရဲတပ်ဖွဲ့ဝင်တွေအတွကတော့ မဟုတ်သလို အမြဲတမ်း အသုံးပြုခွင့်လည်း မရထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုကားတွေဟာ ပြည်တွင်းကနေ ရဲတပ်ဖွဲ့အတွက် လအနည်းငယ် စာ ပြန်လည်ငှားရမ်းထားတဲ့ ကားတွေ ပဲဖြစ်ပါတယ်။

ထို ကား ၂စီး ရဲ့ ကိုယ်ထည်ပေါ်မှာတော့ Police ဆိုတဲ့ အမှတ်အသားတွေ တပ်ဆင်ထားပါတယ်။ McLaren 650S ကတော့ အ၀ါရောင်ဖြစ်ပြီး သြစတြေးလျ ဒေါ်လာ ၄၅၀,၀၀၀ တန်ဖိုးရှိပြီး Aston Martin Vanquish Volante ကတော့ ငွေရောင် ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်လည်း အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ထို စူပါကားတွေဟာ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက Wall to Wall Ride for Remembrance လို့ အမည်ပေးထားတဲ့ တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ရတဲ့ ရဲဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ နှစ်စဉ် အခမ်းအနားမှာ စတင်အသုံးပြုခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်ဟာ သြစတြေးလျ ရဲတပ်ဖွဲ့မှာ အမျိုးသမီး တွေ စတင်ပါဝင်လာတာ နှစ် ၁၀၀ ပြည့်ခဲ့တဲ့ အခမ်းအနား လည်း ဖြစ်တဲ့အတွက် ထို ကားတွေကို အမျိုးသမီး ရဲဝန်ထမ်းတွေက မောင်းနှင်ခွင့်ရ ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာလည်း ထို ကား ၂ စီး ဟာ မြို့ထဲမှာ လှည့်ပတ်မောင်းပြီးတော့ ရဲတပ်ဖွဲ့ ရန်ပုံငွေ အတွက် ကောက်ခံကာ အနားယူထားတဲ့ ရဲဝန်ထမ်းတွေ နဲ့ မိသားစု တွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို စူပါကား ၂ စီး ကို နောက်ဆုံး အသုံးပြုမှာကတော့ အောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် Bathurst 1000 ဆိုတဲ့ ကီလိုမီတာ ၁၀၀၀ (မိုင်အားဖြင့် ၆၂၁ မိုင်) ကွာဝေးတဲ့ တာဝေး ကားပြိုင်ပွဲမှာ နောက်ဆုံး အသုံးပြုပြီးမှ ပိုင်ရှင် လက်ထဲ ပြန်လည် ပေးအပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။




( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment