Powered by Blogger.

Android အသုံးပြုသူများ iOS ပြောင်းသုံးနိုင်စေရန် “Move to iOS” app ကို စတင်မိတ်ဆက်




စက်တင်ဘာ ၁၆ ရက်နေ့ က iOS 9 ထွက်ရှိပြီးမကြာခင်မှာပဲ Apple ဟာ ၎င်းတို့ ရဲ့ ပထမဆုံး Android app ‘Move to iOS’ ကို တရားဝင်မိတ်ဆက်ပေးလိုက်ပါတယ်။ Apple ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Android အသုံးပြုသူတွေအနေနဲ့ Android ကို စွန့် ခွာပြီး iOS ကမ္ဘာထဲဝင်ရောက်ဖို့ အတွက် ဖြစ်ပါတယ်။

“Move to iOS” app ကို Google Play app store တွင် ယခုအခါ အခမဲ့ download လုပ်ယူနိုင်ပြီဖြစ်သည်။ “Move to iOS” app သည် Android ဖုန်းမှာရှိတဲ့ contacts၊ calendars၊ bookmarks၊ email accounts၊ messages နှင့် photos များကို iPhone၊ iPad သို့မဟုတ် iPod Touch များသို့ လုံခြုံမှုအပြည့်အ၀ရှိစွာ transfer ပြုလုပ်ပေးသွားမည်ဖြစ်သည်။

Transfer ပြုလုပ်ခြင်းကို cloud ပေါ်မှာ လုပ်ဆောင်မှာမဟုတ်ပဲ device နှစ်ခုလုံး လုံခြုံစွာချိတ်ဆက်နိုင်သည့် private Wi-Fi Network ပေါ်တွင်သာ လုပ်ဆောင်မှာဖြစ်တာကြောင့် Andriod အသုံးပြုသူများအနေနဲ့  ၄င်းတို့၏ device များကို transfer မပြုလုပ်ခင် backup လုပ်ရန်မလိုအပ်ပါဘူး။

Move to iOS ကို အသုံးပြုဖို့ အတွက် Android 4.0 နဲ့ အထက် လိုအပ်ပြီး Chrome bookmarks တွေကို transfer လုပ်မယ်ဆိုပါက Chrome နောက်ဆုံးထွက် app လိုအပ်မှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: macworld
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment