Powered by Blogger.

သင်လှေကားဘယ်နှစ်ထစ် တက်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ပေးနိုင်မယ့် Microsoft ရဲ့ ဒုတိယမျိုးဆက် Band




Microsoft က ထုတ်လုပ်မယ့် စမတ်နာရီ ဖြစ်တဲ့ Original Band ဟာ လူတွေအတွက် ဖက်ရှင် ပစ္စည်းတစ်ခုတင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် Fitness ကိရိယာ နဲ့လည်း မတူပါဘူး။ တရားရုံးက အမိန့်ချမှတ်ထားတဲ့ စောင့်ကြည့်ကာလ ကို မှတ်တမ်းတင်တဲ့ စက်လိုပါပဲ။

MicrosoftInsider ဆိုတဲ့ သတင်းဌာနက အစောကတည်းက ကောလဟာလ တွေထွက်ပေါ်နေတဲ့ ဒုတိယ မျိုးဆက် Band ရဲ့ ဓါတ်ပုံတွေကို ပြသခဲ့ပြီး ထို Band ဟာ ကွေးကောက်တဲ့ ဒီဇိုင်းမျိုးရှိပြီး သတ္တု နဲ့ ပြုလုပ်ထားတဲ့ ပုံစံမှာရှိပါတယ်။ ဒါကြောင့် စတိုင်လ် နဲ့ ပတ်သက်ပြီး နည်းနည်း အထာကျဖို့ လိုနေတယ်လို့ သုံးသပ်မိပါတယ်။

တစ်ကယ်တော့ ဒါဟာ စမတ်နာရီ ဆိုတာထက် Gear Fit လို့ ပြောနိုင်မယ့် လက်ပတ် နာရီ တစ်ခုဖြစ်နေပါတယ်။ အတွင်းပိုင်းပါဝင် ပစ္စည်းတွေ ဘာတွေ ပါဝင်လာဦးမယ်ဆိုတာ သတင်းထွက်ပေါ်ခြင်း မရှိသေးတာကြောင့် မသိနိုင်သေးပေမယ့် ထို Band အသစ်ဟာ သင် လှေကား ဘယ်နှစ်ထစ် တက်ခဲ့လည်း ၊ ဒါမှမဟုတ်သင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဘာတွေ ပြောင်းလဲသွားလည်းဆိုတာကိုပါ စောင့်ကြည့်မှတ်တမ်းတင်သွား နိုင်မယ့် လုပ်ဆောင်ချက်တွေပါဝင်လာပါတယ်။

ဒီ Band နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို မထုတ်ပြန်သေးသလို ဘယ်နေ့ ထုတ်လုပ်မယ် ဆိုတာလည်း မပြောထားပါဘူး။

Microsoft ကုမ္မဏီကတော့ လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ Hardware နဲ့ပတ်သက်တဲ့ အခမ်းအနားတစ်ခု ပြုလုပ်ဖို့ ကြေညာထားပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ Microsoft က မိတ်ဆက်ဖို့ရှိတဲ့ စမတ်ဖုန်းတွေ ၊ တတ်ဘလတ် တွေနဲ့အတူ ဒီ Original Band ကို မိတ်ဆက်ပြသသွားဖွယ်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment