Powered by Blogger.

Android စနစ် ရဲ့ Lollipop ဗားရှင်း ကို အသုံးပြုနှုန်း မြင့်တက်လာ




အကယ်၍ သင်ဟာ Android ကိရိယာ တစ်ခုကို ပိုင်ဆိုင်တယ်ဆိုရင်တော့ သင့်လိုပဲ Android စနစ် အသုံးပြုတဲ့သူငယ်ချင်း ၄ ယောက် နဲ့ အတူ တန်းစီနေလိုက်ပါ။ ဘယ်ဘက်ကို ကြည့်လိုက်ပါ။ ညာဘက်ကို ကြည့်လိုက်ပါ။

 ထူးခြားတာ တစ်ခုကတော့ သင်တို့ ၅ ယောက်ထဲက အနည်းဆုံး ၁ ယောက်ဟာ Android စနစ်ရဲ့ နောက်ဆုံး ထုတ်ဗားရှင်း ဖြစ်တဲ့ Lollipop ဗားရှင်းကို အသုံးပြုနေပါလိမ့်မယ်။

Google ရဲ့ သတင်းထုတ်ပြန်ချက်အရတော့ Android ကိရိယာ အသုံးပြုသူတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာ Lollipop ဗားရှင်း ကို အသုံးပြုနေကြတယ်လို့ သိရပါတယ်။ ဒီ ရလဒ်ဟာ မေလတုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ ရလဒ်ထက်စာရင် များစွာ တိုးတက်လာတာပါ။

မေလတုန်းက Google က ထုတ်ပြန်ခဲ့တာကတော့ Android ကိရိယာ တွေရဲ့ ၉ ရာခိုင်နှုန်းသာ Lollipop စနစ်ကို အသုံးပြုကြတယ်ဆိုတာပါပဲ။

လက်ရှိ Andoird ကိရိယာ တွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ Kit Kat ဗားရှင်းကို အသုံးပြုနေကြပြီး ၃၂ ရာခိုင်နှုန်းကတော့ Jelly Bean ဗားရှင်း ကို အသုံးပြုနေကြပါတယ်။

ထပ်မံ ထွက်ရှိလာဦးမယ့် Android စနစ်ရဲ့ Update ကတော့ "Marshmallow" လို့ အမည်ရပြီး ထိုဗားရှင်း ထွက်ရှိမယ့် နေ့ကို တော့ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။ ထို Marshmallow ဗားရှင်းရဲ့ ထူးခြားချက်ကတော့ သပ်ရပ်ပြီး အရည်အသွေးကောင်းမွန်တာ ဖြစ်တယ်လို့ Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai က ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment