Powered by Blogger.

အ၀တ်လျှော်ကန်နှစ်ကန်ပါတဲ့ ပထမဆုံး အ၀တ်လျှော်စက်ကို Haier စတင်ပြသ




အ၀တ်အစားတွေကို ခွဲလျှော်ချင်သူတွေဖြစ်ဖြစ်၊ အ၀တ်ဟောင်းတစ်ပုံလျှော်နေတုန်း နောက်တစ်ပုံ ထပ်လျှော်ချင်သူတွေအတွက် နှစ်ကန်တွဲအ၀တ်လျှော်စက်ကို တရုတ်အီလက်ထရောနစ်ပစ္စည်း ကုမ္ပဏီ Haier က ဘာလင်မြို့ IFA ကုန်စည်ပြပွဲမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

Hair ကုမ္ပဏီရဲ့အဆိုအရ ဒါဟာ ပထမဆုံးအ၀တ်လျှော်ကန်နှစ်ကန်တွဲစက် ဖြစ်တယ်ဆိုပေမယ့် လည်း LG ဟာ ဇန်န၀ါရီလတုန်းက CES ပြပွဲမှာ အောက်ခံခုံမှာ အ၀တ်လျှော်ကန်အသေး ပူးတွဲပါဝင်တဲ့ နှစ်ကန်တွဲ အ၀တ်လျှော်စက်ကို ပြသခဲ့ဖူးပါတယ်။

Hair ရဲ့ အဆိုအရ တစ်နှစ်ကို မိသားစုတစ်ခုမှာ အ၀တ်လျှော်စက်အပြည့် အ၀တ်ဟောင်းပုံ ၂၂၀ လောက် ရှိပြီး ဒီအ၀တ်တွေကို လျှော်ဖို့ အတွက် အ၀တ်လျှော်ချိန် စုစုပေါင်း နာရီ ၃၃၀ လောက် ပေးရတယ်လို့ ဆိုပါတယ်။

ယခု Duo washing machine က အ၀တ်လျှော်ကန် နှစ်ကန် အထက်၊အောက် ပူးတွဲပါရှိပြီး၊ တစ်ချိန်တည်းမှာ နှစ်ကန်လုံးကို လျှော်လို့ ရသလို၊ လိုအပ်သလို အချိန်ခွဲလျှော်လို့ လည်း ရပါတယ်။

အရောင်ကျွတ်တဲ့အ၀တ်အစားတွေနဲ့ အဖြူထည်တွေကို တစ်ချိန်တည်းမှာ ခွဲလျှော်လို့ ရသလို ဒါမှမဟုတ် ချည်ထည်တို့ သိုးမွှေးထည်တို့ လို အထည်အမျိုးအစားမတူတဲ့ အ၀တ်အစားတွေကို ခွဲလျှော်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အ၀တ်လျှော်စက်ရဲ့ အရှေ့ မှာ ပါဝင်တဲ့ ၇ လက်မ touchscreen ကနေ အ၀တ်လျှော်စက်ကို ခိုင်းစေထိန်းချုပ်နိုင်သလို တွဲဖက်ပါဝင်တဲ့ စမတ်ဖုန်း app ကနေလည်း အ၀တ်လျှော်စက်ကို ထိန်းချုပ်နိုင် မှာဖြစ်ပါတယ်။

အရှေ့ တံခါးပေါက်နှစ်ပေါက်ပါဝင်ပြီး အပေါ်ကန်က အောက်ကန်ထက် အနည်းငယ်လေးသေးကာ ၄ ကီလိုဂရမ်ဆန့် ဝင်ပြီး အောက်ကန်ကတော့ ၈ ကီလိုဂရမ်ဆန့် ဝင်ပါတယ်။ ကန်တစ်ကန်စီဆို အဆင့်မြင့် Smart Drive Motor နဲ့ အလုပ်လုပ်စေမှာဖြစ်ပြီး ၁၀ နှစ်ကျော် သက်တမ်းခံနိုင်အောက် တည်ဆောက် ထားတယ်လို့ ဆိုပါတယ်။ နှစ်ကန်လုံးအတွက် ရေထွက်ပေါက်နဲ့ ရေဖြည့်ပေါက် တစ်ပေါက်ပါဝင်ပါတယ်။

Pillow လို့ အမည်ပေးထားတဲ့ နည်းပညာကို အသုံးပြုထားတာကြောင့် နူးညံ့ပျော့ပျောင်းတဲ့အ၀တ်အစားတွေဟာ အ၀တ်လျှော်စက်လည်နေစဉ်အတွင်း ကန်ထဲမှာပါတဲ့ ကူရှင်ကို ခံပြီးပဲ ညင်သာစွာ စုန်လည်မှာဖြစ်ပါတယ်။

ဒီအ၀တ်လျှော်စက် Duo Wachine Machine ရဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်တဲ့မော်ဒယ်အမျိုးအစားတွေကိုတော့ Haier ကထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment