Powered by Blogger.

Apple က iCar ကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်နိုင်ဖွယ်ရှိ




နည်းပညာ လောကရဲ့ ထိပ်ဆုံးမှာ နေရာယူထားတဲ့ Apple ကုမ္မဏီဟာ iCar လို့ခေါ်တဲ့ မော်တော်ကားကို ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်နိုင်ဖွယ်ရှိတယ် ဆိုတာကို ကုမ္မဏီ ရဲ့ ကားတည်ဆောက်ရေး အပိုင်းမှာ ၀န်ထမ်း အရေအတွက် တိုးချဲ့ခြင်းက တစ်ဆင့် သတင်းတွေထွက်ပေါ်လာပါတယ်။

အမေရိကန် အခြေစိုက် Apple နည်းပညာ ကုမ္မဏီ ဟာ သူတို့ရဲ့ ကားထုတ်လုပ်ရေးအဖွဲ့ ကို အဖွဲ့ဝင် လူဦးရေ တိုးချဲ့ဖို့ အတွက်လည်း ခွင့်ပြုချက်ရနေပြီ လို့ ဆိုပါတယ်။

Apple ရဲ့ iCar ဟာ ၄ နှစ်အတွင်း ထွက်ပေါ်လာနိုင်ပေမယ့်လည်း ပထမဆုံးအနေနဲ့တော့ မောင့်သူမဲ့စနစ် နဲ့ ထုတ်လုပ်မယ့် အနေအထားမှာ မဖြစ်နိုင်သေးပါဘူး။

ဒီစီမံကိန်းကို တော့ Apple က Project Titan လို့အမည်ပေးထားပြီး ထို စီမံကိန်းကို တိတ်တဆိတ် အကောင်အထည်ဖော်နေခဲ့တာ ၁ နှစ်ကျော်လောက် ရှိနေပြီလို့ Wall Street ဂျာနယ်က သတင်းရေးသား ဖော်ပြထားပါတယ်။

ဒါ့အပြင် Apple က သူတို့ရဲ့ ကားထုတ်လုပ်ရေး စီမံကိန်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့အတွက် ၀န်ထမ်းအသစ် ခေါ်ယူစုဆောင်းမှုတွေပြုလုပ်နေပြီး Chrysler လိုမျိုး ကမ္ဘာကျော် မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းက နည်းပညာရှင်တွေကိုလည်း ငှားရမ်းခေါ်ယူထားတယ်လို့ သိရပါတယ်။

iCar မှာ ပါဝင်မယ့် ဖျော်ဖြေရေးတွေနဲ့ လမ်းညွှန်စနစ် တွေကို iPhone တွေနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် ကားအတွင်း ဆော့ဖ်ဝဲ နည်းပညာ တစ်မျိုးဖြစ်တဲ့ CarPlay ကိုတော့ Apple က ဖန်တီးမှု ပြီးစီးနေပြီဖြစ်ပါတယ်။ ကုမ္မဏီ က လက်ရှိမှာဆက်လက်အကောင်အထည်ဖော်စရာဆိုလို့ မော်တော်ကား တည်ဆောက်ရေး ပဲ ဖြစ်ပါတယ်။

Apple နဲ့ နည်းပညာ ပြိုင်ဘက် ကုမ္မဏီ တစ်ခုဖြစ်တဲ့ Google ကလည်း အလိုလျောက်မောင်းနှင်နိုင်မယ့် ကားတစ်မျိုးကို တည်ဆောက်ဖို့ အတွက် စီမံကိန်း တစ်ခု စတင်ထားပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာကျော် Tesla ကားကုမ္မဏီက ဇိမ်ခံ အီလက်ထရစ်ကားတွေကို ထုတ်လုပ်ထားပြီး ဗြိတိန် နိုင်ငံ ဈေးကွက်ထဲမှာ ဖြန့်ချီပြီးဖြစ်နေပါပြီ။

Apple အနေနဲ့ကလည်း iCar ထုတ်လုပ်ပြီးရင်တော့ နောက်ပိုင်းမှာ မောင်းသူမဲ့ (သို့) အလိုလျောက် မောင်းနှင်မယ့် ဗားရှင်း ကို ဖန်တီးမယ်ဆိုတာ ကျိန်းသေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment