Powered by Blogger.

ကာလာဘလိုင်းဖြစ်နေသူတွေကို အရောင်တွေခွဲခြားနိုင်စေမယ့် App




iPhone အသုံးပြုပြီး ကာလာဘလိုင်းဖြစ်နေသူတွေအတွက်တော့ ကင်မရာ က တစ်ဆင့် ရောင်စုံပြန်မြင်ရသွားစေနိုင်မယ့် App တစ်ခုထွက်ပေါ်လာပါတယ်။

ထို App ဟာ Filter တွေနဲ့ Slider Tool တစ်ခုကို အသုံးပြုပြီး ကာလာဘလိုင်းဖြစ်နေသူတွေကို အရောင်တွေခွဲခြားသိမြင် မှတ်သားနိုင်အောက် ကူညီပေးနိုင်မယ့် App တစ်ခုပဲ ဖြစ်ပါတယ်။

"အကယ်၍ တစ်ယောက်ယောက်က သင့်ကို အစိမ်းရောင် ပုံစံနဲ့ အ၀ါရောင်ပုံစံ တို့ကိုပြပြီး အစိမ်းရောင်ကို ဖြည့်ပြပါလို့ ပြောလာခဲ့ရင် ၊ Color Inspector ကိုဖွင့်ပြီး ဘယ်အရောင်က ဘယ်လိုဆိုတာ သိနိုင်မှာပါ။ အကယ်၍ သင့်အနေနဲ့ အရောင်တွေပေါ်အခြေခံထားတဲ့ တစ်ခုခုကို ဖတ်ဖို့ ခက်ခဲနေရင်လည်း Color Filter ကို သုံးပြီး အရောင်တွေကို အလွယ်တကူ ခွဲခြားနိုင်မှာပါ" လို့ App နဲ့ ပတ်သက်ပြီး ရှင်းပြထားပါတယ်။

ထို App ကို ရေးသားဖန်တီးခဲ့သူ ဖြစ်တဲ့ Vincent Fiorentini ကိုယ်တိုင်ကလည်း ကာလာဘလိုင်း ဖြစ်နေသူတစ်ယောက် ဖြစ်တဲ့အတွက် သူ့လိုလူတွေကို ကူညီနိုင်ဖို့ ထို App ကိုရေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို App ကိုတော့ Apple ရဲ့ App Store မှာ ရယူနိုင်မှာ ဖြစ်ပြီး အသုံးပြုသူတွေရဲ့ အကောင်းမြင် ချီးကျူးထားတဲ့ သုံးသပ်ချက်များစွာကိုလည်း ရရှိထားပါတယ်။ App ရဲ့ နာမည်ကိုတော့ Color Blind Pal လို့ ခေါ်ပါတယ်။

"ကာလာဘလိုင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် အခြားလူတွေကို အရောင်တွေနဲ့ ပတ်သက်ပြီးမေးမြန်းနေရတာ ပင်ပန်းနေပြီဆိုရင် ဒီ App က အကောင်းဆုံးပါပဲ" လို့ သုံးစွဲသူတစ်ယောက်က ထို App နဲ့ပတ်သက်ပြီး မှတ်ချက်ရေးသားထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment