Powered by Blogger.

Apple Watch တွေအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ Google Maps Update ထွက်ရှိ




Apple ကုမ္မဏီဟာ သူတို့ကုမ္မဏီက ထုတ်လုပ်တဲ့ Apple Maps ဆိုတဲ့ App ကို ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ မှာ အဆင့်မြှင့်တင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Apple အသုံးပြုသူတွေကတော့ Google Maps ကိုပဲ အသုံးပြုချင်နေခဲ့တာပါ။

Apple Maps ကတော့ သုံးစွဲသူရဲ့ ကိုယ်ပိုင် အတွေးနဲ့ ဖန်တီးရတာဖြစ်တဲ့အတွက် သုံးစွဲသူတွေက စိတ်တိုင်းမကျခဲ့ကြပါဘူး။ iOS ဗားရှင်းအတွက် Google Maps ရဲ့ Update အသစ်ကတော့ အခုဆိုရင် Apple Watch တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပြီး အခြား အသုံးဝင်မယ့် လုပ်ဆောင်ချက် မြောက်များစွာကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

သင်ဟာ Apple Watch ပေါ်ကနေ Google Maps ကိုဖွင့်လိုက်တယ်ဆိုရင်ပဲ သင့်ကို အိမ်ပြန်မှာလား ရုံးသွားမှာလားဆိုတဲ့ မေးခွန်းကို မေးပါလိမ့်မယ်။ သင့်ရဲ့ အိမ်လိပ်စာ နဲ့ ရုံးလိပ်စာကိုတော့ သင့်ရဲ့ Google Account မှာ သတ်မှတ်ပေးထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple Maps နဲ့ မတူညီတာ တစ်ခုက သင့်ရဲ့ Apple Watch ပေါ်မှာ Google Maps က မြေပုံတစ်ခုလုံးစာ ကို ပြသနိုင်မှာမဟုတ်ပါဘူး။ သင်ရွေးချယ်တဲ့လမ်းကြောင်းပေါ်မူတည်ပြီး အချိုးအကွေ့တွေအတွက် တည်နေရာ ညွှန်ပြပေးတာလောက်ပဲ လုပ်ဆောင်ပေးနိုင်မှာပါ။

ဖုန်းတွေမှာတောင် မလုပ်ဆောင်နိုင်ပဲ Apple Watch တစ်မျိုးတည်းမှာပဲ လုပ်ဆောင်ပေးနိုင်မယ့် ထူးခြားချက်ကတော့ သင်သွားလိုတဲ့နေရာကို လမ်းလျှောက် ခြင်း နဲ့ ကားမောင်းသွားခြင်းက အချိန်ဘယ်လိုကွာဟ မှုရှိမယ်ဆိုတာကိုပါ တွက်ချက်ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Apple Watch အသုံးပြုသူတွေအနေနဲ့ Google ရဲ့ ဖန်တီးပေးထားမှုတွေကို စမ်းသပ်ကြည့်သင့်ပြီး Apple Watch အတွက် Google Maps ကို iTunes Store မှာ ဒေါင်းလုဒ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment