Powered by Blogger.

ဓားသွားမလိုဘဲ လေဆာနဲ့ ရိတ်နိုင်မယ့် Skarp လေဆာဂျုတ်




နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးတွေကို သင်တုန်းဓားနဲ့ ရိတ်ရတာက ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ အတွက်တော့ အဆိုးဆုံးတစ်ခုပါပဲ။ သင်တုန်းဓားဟာ ဓားရှရာ၊ မုတ်ဆိတ်မွှေးအငုတ်ကျန်တာ ၊ ဓားသွားကြောင့် အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး အနီစပ်၊အနီဖုဖြစ်တာတွေဖြစ်တတ်ပါတယ်။

ဒါ့အပြင် ဓားသွားတစ်ခုကို တစ်ခါသုံးပြီးရင် ထပ်သုံးလို့ အဆင်မပြေတော့ဘဲ လွှင့်ပစ်ရတာကြောင့် အမေရိကန်ပြည်ထောင်စုမှာတင် တစ်နှစ်ကို သင်တုန်းဓားစွန့် ပစ်မှုပေါင်း ၂ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် Skarp Laser Razor ကတော့ လေဆာအသုံးပြုပြီး မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးရိတ်တဲ့အခါမှာ ပြောင်စင်အောင်ရိတ်ပေးနိုင်ပြီး၊ စပ်ဖျဉ်းဖျဉ်းဖြစ်မှု၊အနီကွက်ထတာတွေကလည်း ကင်းဝေးစေနိုင်မှာပါ။ အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ သင်တုန်းဂျုတ်ပုံစံ ကိရိယာဟာ လေဆာကိုအသုံးပြုပြီး သင့်ရဲ့ မုတ်ဆိတ်၊နှုတ်ခမ်းမွှေးတွေကို အဆုံးစွန်ပြောင်စင်အောင် ဖြတ်တောက်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလေဆာဂျုတ်ဟာ နာရီ ငါးသောင်းလောက်အသုံးခံမှာဖြစ်ပြီး မုတ်ဆိတ်ရိတ်ဖို့ ရေလည်း မလိုအပ်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ပစ္စည်းကို တီထွင်ခဲ့တဲ့အဖွဲ့ ဟာ သူတို့ ရဲ့ဒီဇိုင်းကို လက်တွေ့ ပုံဖော်နိုင်အောင်အတွက် ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ အစီအစဉ်တစ်ခုလွှင့်တင်ထားပြီး ယခုအခါ ရက် ၂၀ ကျန်သေးသည့်တိုင် မျှော်မှန်းရန်ပုံငွေထက် လေးဆပိုရပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီလေဆာဂျုတ်ဟာ ဈေးတော့သက်သာမှာမဟုတ်ဘဲ အနိမ့်ဆုံးက ၁၅၉ ဒေါ်လာဖြစ်ပါတယ်။

ကြိုတင်မှာယူမှုတွေကို Skarp Laser Razor ရဲ့ Kickstarter စာမျက်နှာကနေပြုလုပ်နိုင်ပြီး ငွေကြေး ထောက်ပံ့သူတွေဆီကို ၂၀၁၆ မတ်လအတွင်းမှာ ပို့ ဆောင်ပေးမှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: cnet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment