Powered by Blogger.

အူရီဒူး နဲ့ Bindez ကုမ္မဏီတို့ပူးပေါင်းပြီး Bindez Tha Din ဆိုတဲ့ App ကိုထုတ်လုပ်




မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်တဲ့ အူရီဒူးဟာ ပြည်တွင်းနည်းပညာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Bindez နဲ့ ပူးပေါင်းပြီး Bindez Tha Din ဆိုတဲ့ App အသစ်တစ်ခုကို Android ဖုန်း အသုံးပြုသူတွေအတွက် ထုတ်လုပ်လိုက်ပါတယ်။

အူရီဒူး နဲ့ Bindez တို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ပူးပေါင်းပြီး App တစ်ခုကို ဖန်တီးနေခဲ့ကြတာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ သတင်းနဲ့ အချက်အလက်တွေကို ၀န်ဆောင်မှု ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အူရီဒူး ကုမ္မဏီ ရဲ့ ပြောကြားချက်အရတော့ ထို App ဟာ နည်းပညာ ၊ ထုတ်ကုန် အရည်အသွေးနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို Bindez Tha Din ဆိုတဲ့ App မှာတော့ သုံးစွဲသူတွေအနေနဲ့ မြန်မာ ဘာသာနဲ့ရေးသားထားတဲ့ နောက်ဆုံးရ သတင်းတွေကို ရှာဖွေ ၊ ဖတ်ရှု ၊ သိမ်းဆည်း ၊ ဝေမျှ နိုင်မှာ ဖြစ်ပြီး Android စနစ်တွေအတွက်တော့ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထူးခြားချက်ကတော့ ထို App က တစ်ဆင့် အခြား သတင်းမီဒီယာ တွေမှာ တွေ့ရလေ့မရှိတဲ့ မိုးလေ၀သ အခြေအနေ ၊ စက်သုံးဆီ ဈေးနှုန်းများ ၊ ဒေါ်လာ နှုန်းထားများ ၊ ဘောလုံးပွဲရလဒ် များ စသည်တို့ကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်မှာ ဖြစ်ပြီး ထို သတင်းတွေကို အချိန်မရွေးဖတ်ရှုဖို့လည်း သိမ်းဆည်းထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment