Powered by Blogger.

ကမ္ဘာ့ပထမဆုံး Ultra HD Blu-Ray Player ကို Samsung စတင်ပွဲထုတ်




Samsung ဟာ Berlin မြို့ နည်းပညာကုန်စည်ပြပွဲ IFA မှာ 4K resolution ပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး Ultra HD Blu-Ray အခွေဖွင့်စက်ကို စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

UBD-K8500 လို့ အမည်ပေးထားတဲ့ အဆိုပါ Blu-Ray Player ဟာ Ultra HD Blu-Ray (UHD Blu-Ray) စံနှုန်းအသစ်ကို ပေးစွမ်းနိုင်တဲ့ ပထမဆုံး player ဖြစ်ပါတယ်။

UHD Blu-Ray အခွေတွေဟာ 100 GB အထိ ဒေတာဆန့် ဝင်မှာဖြစ်ပြီး လက်ရှိ Blu-Ray စံသုံးအခွေတွေ ထက် နှစ်ဆ ပိုမို ဆန့် ဝင်တာဖြစ်ပါတယ်။

ရုပ်ထွက်ကြည်လင်မှုပိုမိုမြင့်မားတဲ့ ဗီဒီယိုတွေကို ကြည့်နိုင်ရုံသာ မက၊ အခု စံနှုန်းအသစ်ဟာ 10-bit colour ကိုလည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး သာမန် Blu-Ray ထက် အရောင်ပေါ်လွင်မှု ၆၄ ဆ ပိုမိုမြင့်မားတယ်လို့ Samsung က ညွှန်းပါတယ်။

ဒီ အရောင်ပေါ်လွင်မှုကို အပြည့်အ၀ခံစားဖို့ အတွက် Samsung ရဲ့ SUHD တီဗီမျိုးစုထဲကလို ကာလာတန်းစုံဖော်ပြနိုင်တဲ့ wide-colour gamut tv တစ်လုံးတော့ လိုအပ်မယ်လို့ သိရပါတယ်။

လက်ရှိ Blu-Ray အချပ်တွေကိုလည်း ဖတ်နိုင်မှာဖြစ်ပြီး 4K resolution မဟုတ်တဲ့ ဗီဒီယိုမျိုး တွေကိုလည်း ရုပ်ထွက်မြှင့်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီစက်ဟာ ဘက်စုံသုံး smart hub အနေနဲ့ လည်း သုံးနိုင်မှာ ဖြစ်တာကြောင့် Tizen operating system နဲ့ လာမှာဖြစ်တယ်လို့ ယူဆရပါတယ်။

UBD-K8500 ဟာ ကန်ဒေါ်လာ ၅၀၀ ကျသင့်မှာဖြစ်ပြီး ၂၀၁၆ ခုနှစ် ပထမသုံးလအတွင်း ပထမဆုံး UHD-Blu-Ray အချပ်တွေနဲ့ အတူ ၀ယ်ယူရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: cybershack
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment