Powered by Blogger.

ပျောက်ဆုံးကလေးငယ်တွေကိုရှာဖွေရာမှာ ကူညီပေးနိုင်မယ့် အရေးပေါ်သတိပေးစနစ်အသစ်ကို Facebook စတင်အသုံးပြု




Facebook ဟာ ပျောက်ဆုံးနဲ့ အဓမ္မခေါ်ယူခံရတဲ့ကလေးငယ်တွေကို ရှာဖွေရာမှာ အများပြည်သူတွေ ပါဝင်ကူညီနိုင်ဖို့ အတွက် ဒီဇိုင်းရေးဆွဲထားတဲ့ အရေးပေါ်သတိပေးစနစ်အသစ်တစ်ခုကို စတင်အသုံးပြုလိုက်ပါတယ်။

ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ မှစတင်ကာ၊ ကလေးငယ်တစ်ဦးပျောက်ဆုံးတိုင်း ကလေးငယ်ပျောက်ဆုံးတဲ့ဒေသအတွင်းကလူတွေရဲ့ newsfeed တွေမှာ အရေးပေါ် မက်ဆေ့တွေနဲ့ ဓာတ်ပုံတွေကို အလိုအလျောက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ကြေငြာချက်တွေမှာ ပျောက်ဆုံးကလေးငယ်၊ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေရဲ့ အချက်အလက်တွေအပါအ၀င် သံသယဖြစ်ဖွယ်ယာဉ်ရဲ့အသေးစိတ် အချက်အလက်တွေပါ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်ကယ်ဆယ်ရေးသတိပေးချက် (CRA) အဖွဲ့ အစည်းနဲ့ ဗြိတိန်ရဲ့ FBI လို့ တင်စားခံရတဲ့ အမျိုးသားရာဇ၀တ်မှုအေဂျင်စီ (NCA) တို့ နဲ့ အတူလက်တွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ပျောက်ဆုံး ကလေးငယ်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

“အခုလို Facebook ရဲ့ ပူးပေါင်းပါဝင်မှုကြောင့် လူသန်းပေါင်းများစွာကို သတိပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ သတိပေးချက်တွေကို လူများများမြင်တွေ့ လေ၊ ကျွန်မတို့ ဟာ ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်နိုင်ခြေပိုများလေဖြစ်ပါတယ်” လို့  ၂၀၀၃ ခုနှစ်က ပေါ်တူဂီနိုင်ငံ၊တိုက်ခန်းတစ်ခုမှာ သမီးငယ်လေး ပျောက်ဆုံးခဲ့ပြီး ယခုအချိန်ထိ ပြန်မတွေ့ ရသေးတဲ့ Kate McCann က Facebook ရဲ့ အစီအစဉ်ကို ထောက်ခံအားပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း ကနေဒါနိုင်ငံမှာ မွေးကင်းစကလေးငယ်လေး Victoria McMahon ကို နာ့စ်မအယောင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးက ဆေးရုံကနေ ခိုးယူသွားပြီးနောက် အလားတူ စနစ်မျိုးကို အသုံးပြုကာ ကလေးငယ်ပြန်ရှာတွေ့ ဖို့ အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment