Powered by Blogger.

လေယာဉ်တွေကို ပစ်နိုင်မယ့် ပေါင် သန်း ၁၀၀ တန် လေဆာအမြှောက်စနစ်ကို ဗြိတိန်တီထွင်မည်




သဘောင်္အသေးစားတွေနဲ့ လေယာဉ်တွေကို ဖျက်ဆီးပစ်နိုင်မယ့် ‘သေမင်းတမန်ရောင်ခြည်’ လေဆာအမြောက်ကို ယခုဆယ်စုနှစ်အကုန်မှာ တည်ဆောက်မှာဖြစ်တယ်လို့ ဗြိတိန်တော်ဝင်ရေတပ် အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ဗြိတိန်ရေတပ်ဗိုလ်ချုပ်ကြီး Sir George Zambellas က ယခုလေဆာနည်းပညာအသစ်ဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ချေမှုန်းပစ်ခတ်ရာမှာ ကုန်ကျတဲ့ စစ်ဘက်စရိတ်ကို အနည်းငယ်သက်သာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို ပစ်မှတ်အတိအကျပစ်နိုင်တဲ့စွမ်းအင်လက်နက်တွေကို အမေရိကန်တပ်တွေမှာ စမ်းသပ်ခဲ့ပြီး ဖြစ်ကာ ဗြိတိန်ကလည်း နောက်ငါးနှစ်အတွင်း အဆိုပါလက်နက်တွေကို သုံးစွဲဖို့ ရည်မှန်းထားပါတယ်။

လေဆာအမြှောက်တွေဟာ ၃၀ကီလိုဝပ်အားရှိတဲ့ လေဆာရောင်ခြည်တန်းကို ပစ်လွှတ်နိုင်မှာဖြစ်ပြီး လေဆာတန်းဟာ အပူချိန်အလွန်မြင့်မားတာကြောင့် ထိမှန်တဲ့ပစ်မှတ်ဟာ မီးလောင်ကျွမ်းပျက်စီးရမှာ ဖြစ်ပါတယ်။

သဘောင်္ဘုတ်အငယ်စားတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကို ဖျက်ချတဲ့နေရာမှာ ဈေးကြီးပြီး သတ္တ၀ါနဲ့ လက်နက်မမျှတဲ့ သမားရိုးကျဒုံးလက်နက်တွေကို အသုံးပြုစရာမလိုတော့ဘဲ ဒီလေဆာအမြှောက်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဖျက်လက်နက်အနေနဲ့ မဟုတ်ဘဲ၊ ရန်သူမြင်သာတဲ့ သတိပေးပစ်ခတ်မှုတွေအတွက်လည်း အသုံးပြုနိုင်သလို ပဲ့ထိန်းတပ်ဒုံးတွေရဲ့ ချိန်ကွင်းတွေကို ပျက်စီးအောင်လုပ်နိုင်မှာဖြစ်ပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ကုန်းတွင်းအထိုင်လေဆာအမြှောက်ကို ၂၀၁၇ ခုနှစ်နဲ့  သဘောင်္တင်လေဆာအမြှောက်ကိုတော့ ၂၀၂၀ ခုနှစ် တွေမှာ ပိုင်ဆိုင်နိုင်ဖို့ အစီအစဉ်ရေးဆွဲထားကြောင်း သိရပါတယ်။ ပုဂ္ဂလိကကာကွယ်ရေးလက်နက်ပစ္စည်းကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး လေဆာသုံးလက်နက်စနစ်အတွက် ပေါင် သန်း ၁၀၀ အထိသုံးဖို့ ရည်ရွယ်ထားကြောင်းလည်း ဗြိတိန်အစိုးရက မတ်လမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment