Powered by Blogger.

စာအုပ်တစ်အုပ်လို ခေါက်သိမ်းနိုင်မယ့် ‘Foldable Valley’ ဖုန်းကို ဇန်န၀ါရီလမှာ Samsung ဖြန့် ချိဖွယ်ရှိ




စကရင်အကြီးစားဖုန်းတစ်လုံးကို ကိုင်ရတာကြိုက်ပေမယ့် အိတ်ထဲ ဒါမှမဟုတ် လက်ကိုင်အိတ်သေးသေးလေးထဲ ထည့်ရတာ အခက်အခဲမတွေ့ ချင်တဲ့လူတွေအတွက် ဖြေရှင်းချက်က လက်တကမ်းမှာပဲ ရှိပါတော့တယ်။

Samsung ဟာ စာအုပ်တစ်အုပ်လို ခေါက်သိမ်းနိုင်မယ့် ဖုန်းတစ်လုံးကို အစောဆုံး ဇန်န၀ါရီလလောက်မှာ ဖြန့် ချိဖွယ်ရှိတယ်လို့ သိရပါတယ်။

Samsung ဖန်သားပြင်ထုတ်လုပ်ရေးဌာနကထုတ်လုပ်နေတဲ့ ကွေးနိုင်တဲ့ပလတ်စတစ်စကရင်ကို အသုံးချ ထားတဲ့ ဒီဖုန်းကို ‘Foldable Valley’ လို့ အမည်ပေးထားကြောင်း သိရှိရပါတယ်။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ကလည်း ၂၀၁၆ ခုနှစ်မှာ ခေါက်သိမ်းနိုင်တဲ့အီလက်ထရောနစ်ပစ္စည်းတွေကို ဖြန့် ချိသွားမှာဖြစ်တယ်လို့ အရင်က ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး သတင်းအရင်းအမြစ်ယုံကြည်စိတ်ချရတဲ့ ကောလဟာလ ဘလော့ဂ် SamMobile ကလည်း ဒီဖုန်းကို တရုတ်မှာ လက်ရှိစမ်းသပ်နေပြီဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကုတ်နံမည် Project Valley ခေါင်းစဉ် အောက်မှာ ယခုဖုန်းကို ထုတ်လုပ်လျက်ရှိတယ်လို့  အခုဖုန်းအကြောင်း အတွင်းကျကျသိတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားထားပါတယ်။ Snapdragon 620 ပရိုဆက်ဆာသုံးထားတဲ့ ဖုန်းဗားရှင်းတစ်မျိုးနဲ့ Snapdragon 820 သုံး ဖုန်းတစ်မျိုးကို ထုတ်လုပ်လျက် ရှိတယ်လို့ သိရပါတယ်။

Samsung ဟာ ကွေးနိုင်လိမ့်နိုင်တဲ့ စကရင်တွေကို နှစ်အတော်ကြာ စမ်းသပ်နေခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် CES ပြပွဲမှာတုန်းက Youm ခေါ် ကွေးဆန့် နိုင်တဲ့ Oled စကရင်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment