Powered by Blogger.

Google က Android စနစ်ရဲ့ Clock App မှာ လုပ်ဆောင်ချက် အသစ်တွေထည့်သွင်း




ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Google ဟာ သူတို့ရဲ့ Android စနစ်နဲ့ ပတ်သက်ပြီး တစ်ဖြည်းဖြည်း ချင်း အဆင့်မြှင့်တင်နိုင်ဖို့အာရုံစိုက်လာတဲ့ အလျောက် သီးသန့်ရပ်တည်နေရတဲ့ App တွေဖြစ်တဲ့ Camera ၊ Calendar နဲ့ Messenger တို့ကို ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်လျက် ရှိပါတယ်။

အခုလည်း ရှာဖွေရေးအင်ဂျင်မှာ အအောင်မြင်ဆုံး Google ဟာ သူတို့ရဲ့ Clock ဆိုတဲ့ နာရီ App ကို လုပ်ဆောင်ချက်အသစ်တွေထည့်သွင်းပေးလိုက်ပါပြီ။ ထို လုပ်ဆောင်ချက်အသစ်တွေထဲမှာ Android Wear စမတ်နာရီတွေနဲ့ တွဲဖက်ပြီး အသုံးဝင်မယ့် လုပ်ဆောင်ချက်တွေလည်းပါဝင်လာပါတယ်။

အဓိက ပြောင်းလဲသွားတဲ့ လုပ်ဆောင်ချက်ကတော့ Alarms နဲ့ Timers တွေပဲဖြစ်ပါတယ်။ ထို Alarms ရဲ့ နှိုးစက်မည်သံကို သတ်မှတ်ထားတဲ့အတိုင်း တစ်ဖြည်းဖြည်းချင်း အသံကျယ်လာစေအောင် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

သင့်စိတ်ကြိုက် နှိုးစက်မည်သံ တွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး Timer တွေကိုလည်း Notification ကတစ်ဆင့် ထိန်းချုပ်နိုင်သလို Alarm ကိုလည်း သင်အလွယ်တကူ ဖျောက်ဖျက်နိုင်သွားမှာဖြစ်ပါတယ်။

Android Wear တွေမှာ ပြောင်းလဲသွားတဲ့ Clock App ရဲ့ လုပ်ဆောင်ချက်ကတော့ စီမံခန့်ခွဲမှုကို ပိုမိုရွေးချယ်နိုင်သွားမှာဖြစ်ပြီး Alarm Noticfication ကိုလည်း စိတ်ကြိုက်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်တွေပါဝင်တဲ့ Clock App ကိုလည်း အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment