Powered by Blogger.

အိန္ဒိယနိုင်ငံရဲ့ ဘူတာရုံပေါင်း ၄၀၀ မှာ Google က မြန်နှုန်းမြင့် Wi-Fi တပ်ဆင်ပေးမည်




နေ့ စဉ်နေ့ တိုင်း ခရီးသည် သန်းပေါင်းများစွာကို သယ်ယူပို့ ဆောင်ပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘူတာရုံပေါင်း ၄၀၀ မှာ မြန်နှုန်းမြင့် အများပြည်သူသုံး Wi-Fi ကို Google က တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ဟာ အိန္ဒိယအစိုးရပိုင် Indian Railways နဲ့ RailTel တို့ နဲ့ ပူးပေါင်းပြီး ယခုပရောဂျက်ရဲ့ ကနဦးအဆင့်အနေနဲ့ ၂၀၁၆ ခုနှစ် နှစ်မကုန်ခင်မှာ အိန္ဒိယရဲ့ သွားလာမှုအများဆုံး ဘူတာရုံ ၁၀၀ မှာ Wi-Fi ၀န်ဆောင်မှုကို တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။

“ပထမဦးဆုံး ဘူတာရုံ ၁၀၀ ကို အင်တာနက်ချိတ်ဆက်အပြီးမှာတင်၊ ဒီပရောဂျက်ဟာ နေ့ တိုင်း သွားလာနေတဲ့ ခရီးသည်ပေါင်း ၁၀ သန်းကျော်ကို Wi-Fi ပေးစွမ်းနိုင်မှာဖြစ်ပါတယ်” လို့ Google ရဲ့ CEO Sundar Pichai က Google ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။

ဒီ Wi-Fi ၀န်ဆောင်မှုဟာ အစပိုင်းမှာ အခမဲ့ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နောက်ထပ်ဘူတာရုံတွေနဲ့ အိန္ဒိယနိုင်ငံတခြားနေရာတွေမှာ Wi-Fi ပေးနိုင်အောင်အတွက်၊ ဒီပရောဂျက်ကို သီးခြားရေရှည်ရပ်တည်နိုင်အောင် အခကြေးငွေကောက်ခံမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့မီးရထားကွန်ရက်ဟာ တစ်နေ့ ကို လူပေါင်း ၂၁ သန်းလောက် သယ်ယူပို့ ဆောင်ပေးနေပြီး နောက် ငါးနှစ်အတွင်းမှာ မီးရထားသံလမ်းအရှည်ကို ကီလိုမီတာ ၁၃၈၀၀၀ လောက်တိုးချဲ့ သွားပြီး ခရီးသည်ပေါင်း သန်း ၃၀ လောက်ကို ၀န်ဆောင်မှုပေးဖို့ မျှော်မှန်းထားလျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၁.၂ ဘီလံယံကျော်မှာ လူဦးရေ သန်းပေါင်း ၃၀၀ ခန့် က လက်ရှိ အင်တာနက် ၀န်ဆောင်မှုရရှိထားပြီးဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : PC World


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment