Powered by Blogger.

ဇိမ်ခံ ပစ္စည်းအပြည့်အစုံနဲ့ စစ်မြေပြင်ကို ဖြတ်သန်းသွားနိုင်မယ့် ထရပ်ကားအိမ်




အခုနောက်ပိုင်း လူတွေစဉ်းစားလာကြတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာပျက်ရင် ဘာနဲ့ ထွက်ပြေးကြမယ်ဆိုတာပါပဲ။

အဲဒီလို အန္တရာယ်များတဲ့ ရေမြေအနေအထားကို သက်တောင့်သက်သာရှိစွာ ဇိမ်ခံ ပစ္စည်းအပြည့်အစုံနဲ့ ဖြတ်သန်းနိုင်မယ့် RV Camper Van Truck တစ်မျိုးထွက်ပေါ်လာပါတယ်။ RV ဆိုတာဟာ ပြန်လည်ဖန်တီးထားတဲ့ မော်တော်ယာဉ် (Recreational Vehicle) ကို ဆိုလိုတာဖြစ်ပါတယ်။

ဒါပေမယ့် ထို ထရပ်ကားမျိုးကို ပိုင်ဆိုင်ဖို့အတွက်တော့ စတာလင်ပေါင် ၅၈၅၀၀၀ လိုအပ်ပါလိမ့်မယ်။ "Action Mobil Global XRS 7200" ဆိုတဲ့မော်ဒယ်လ် နံပါတ်မျိုးရှိတဲ့ ထို ထရပ်ကားဟာ ၂၃ စတုရန်းပေ ကျယ်ဝန်းတဲ့နောက်ခန်း မှာ ဇိမ်ခံ ပစ္စည်း အပြည့်အစုံကိုထည့်သွင်းပေးထားပါတယ်။ ကြည်ကာပါဝင်တဲ့ ကိုယ်ထည်ကြောင့်လည်း စစ်မြေပြင်တစ်ခုကိုပင် ဇိမ်ခံရင်း ဖြတ်သန်းသွားနိုင်မှာပါ။





မြင်းကောင်ရေအား ၇၂၀ ရှိတဲ့ အင်ဂျင် နဲ့ ၁၈ တန် အလေးချိန်ရှိတဲ့ ထို ထရပ်ကား ဟာ ကားနောက်ဖုံးမှာ မော်တော်ဆိုင်ကယ် ထားရှိဖို့နေရာတစ်ခုနဲ့ အတွင်းမှာလည်း ဂြိုလ်တု တီဗွီ တစ်လုံးပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Action Mobil ကုမ္မဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Stephan Wirths ကတော့ ကုမ္မဏီဟာ ထို မော်ဒယ်လ် နံပါတ် ကားအရေအတွက် စုစုပေါင်း ၃၀၀ ခန့် ရောင်းချပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

"သင့်အနေနဲ့ ဟိုက်ဒရောလစ် ခေါင်မိုး ၊ အကျယ်ပြောင်းလဲနိုင်မယ့် အိပ်ယာ (သို့) သင့်မော်တော်ဆိုင်ကယ်အတွက် ဟိုက်ဒရောလစ်စနစ်နဲ့ ထုတ်ပေးခြင်း အားလုံးဟာ Action Mobil Truck နဲ့အတူ သင့်ရဲ့ ခရီးစဉ်တွေ ၊ စွန့်စားခရီးတွေအားလုံးအတွက် တပ်ဆင်ထားပြီးဖြစ်နေပါတယ်" လို့ ကုမ္မဏီ စာမျက်နှာမှာလည်း ရေးသားဖော်ပြထားပါသေးတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment