Powered by Blogger.

စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ချီမယ့် Huawei ရဲ့ ရွှေအိုရောင် GPlay




ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္မဏီ တစ်ခုဖြစ်တဲ့ Huawei ဟာ ရွှေအိုရောင် တစ်မျိုးတည်း နဲ့ ထုတ်လုပ်မယ့် GPlay ကို မြန်မာနိုင်ငံ စမတ်ဖုန်း ဈေးကွက်ထဲ ပို့ဆောင်ပေးတော့မှာပါ။ အရင်တုန်းကတော့ Huawei ရဲ့ ထုတ်ကုန်တွေထဲမှာ Mate7 ၊ P8 ၊ P8lite ၊ G& Plus နဲ့ GPlay Mini တို့မှာ ရွှေရောင် ဟန်းဆက် တွေ ရှိခဲ့ဖူးပေမယ့် GPlay ကတော့ ရွှေရောင်တစ်မျိုးတည်းကိုထုတ်လုပ်မှာ ဖြစ်ပါတယ်။

GPlay မှာတော့ Processor အနေနဲ့ Octa-Core 1.2 GHz Processor ကို သုံးထားပြီး RAM အနေနဲ့လည်း 2GB ပါဝင်ပါတယ်။ အတွင်းသိုလှောင်ပမာဏ ကလည်း 8GB ဖြစ်ပြီး microSD ကတ် ထပ်မံ ဖြည့်သွင်းမယ်ဆိုရင် 32 GB အထိတိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာ အနေနဲ့လည်း အနောက်ကင်မရာက 13 MP ပါဝင်ပြီး အရှေ့ကင်မရာကိုလည်း 5MP အထိ ထည့်သွင်းပေးထားတဲ့အတွက် အမိုက်စား Selfie ပုံကို တွေ ရိုက်ကူးနိုင်မှာပါ။ Auto-Focus စနစ်လည်း ပါဝင်တဲ့အတွက် ရိုက်ကူးရလွယ်ကူပြီး ဘက်ထရီကလည်း 3000 mAh ဖြစ်တဲ့အတွက် မနားတမ်း အသုံးပြုမယ်ဆိုရင် ၂၈ နာရီထိ အသုံးပြုနိုင်မှာပါ။

မျက်နှာပြင် အကျယ်အ၀န်းကတော့ ၅.၅ လက်မ ကျယ်ပြီး Full HD ကြည်လင်ပြတ်သားမှုကို ပေးနိုင်မှာပါ။ အရွယ်အစားကတော့ အလျား ၁၅၂.၉ မီလီမီတာ ၊ အနံက ၇၇.၂ မီလီမီတာ နဲ့ အမြင့်က ၈.၈ မီလီမီတာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Dual-SIM ဖြစ်တဲ့အတွက် WCDMA နဲ့ GSM ကြိုက်နှစ်သက်တဲ့ SIM ကတ် ၂ ကတ် ကို ဖုန်းတစ်လုံးတည်းမှာတင် ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ထို ဖုန်းကိုတော့ စက်တင်ဘာ ၂၀ ရက်နေ့က စတင်ပြီး Huawei အရောင်းဆိုင်တွေနဲ့ အခြား ဖုန်းဆိုင်တွေမှာ ၀ယ်ယူရရှိမယ်လို့ မြန်မာ Huawei ကုမ္မဏီက သတင်းထုတ်ပြန်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment