Powered by Blogger.

Facebook က Dislike ခလုတ်ကို မကြာခင် စမ်းသပ်တော့မယ်လို့ Zuckerberg ဆို




နှစ်ပေါင်းများစွာ ကောလာဟလ အဖြစ်သာ တည်ရှိနေခဲ့ပြီး အရင်တစ်ခေါက်တုန်းက တော့ မကောင်းတဲ့ သက်ရောက်မှု တွေ ရှိလာနိုင်တယ်လို့ သုံးသပ်ခဲ့တဲ့ Facebook ရဲ့ Dislike ခလုတ် ဟာ ဒီတစ်ခါတော့ ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။

Facebook တည်ထောင်သူ Mark Zuckerberg ဟာ အမေးအဖြေ ကဏ္ဍ မှာ Dislike ခလုတ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေကြောင်းနဲ့ မကြာခင်မှာ စမ်းသပ် အသုံးပြုတော့မယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

"ငါတို့နောက်ဆုံးတော့ မင်းတို့ ပြောတာ ကြားရပါပြီ။ ငါတို့ Dislike ခလုတ် နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေပါတယ်။ ကြီးမားတဲ့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ တစ်ခုခု ကို ပို့ဆောင်ပေးနိုင်ဖို့ ငါတို့ကြိုးစားနေပါတယ်" လို့ Zuckerberg က ဆိုပါတယ်။

"လူတွေက Dislike ခလုတ်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ မေးနေခဲ့တာပါ။ အတိအကျပြောရရင် လူ ရာ ပေါင်းများစွာဟာ ဒါကို မေးနေပါတယ်။ ဒီနေ့တော့ ငါတို့ ဒါကို လုပ်ဆောင်နေတဲ့အကြောင်းပြောချင်ပါတယ်။ စတင်စမ်းသပ်ဖို့လည်း နီးစပ်နေပါပြီ" လို့ Zuckerberg က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Zuckerberg ရဲ့ ပြောကြားချက်အရတော့ ကုမ္မဏီအနေနဲ့ လူတွေဟာ Dislike ခလုတ်ကို အဆိုးဘက်က မသုံးဖို့ မျှော်လင့်ထားပြီး စာနာမှု ကို ပြသစေလိုတဲ့ လူတွေအတွက်တော့ အသုံးဝင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment