Powered by Blogger.

iOS 9 မှာပါဝင်လာဦးမယ့် Medical ID လုပ်ဆောင်ချက်




သင့်ရဲ့ အရေးကြီးတဲ့ ကျန်းမာရေး သတင်းအချက်အလက် တွေကို အရေးပေါ် ၀န်ဆောင်မှု အနေနဲ့ သတိပေးဖော်ပြပေးမယ့် iPhone တွေအတွက် app တစ်ခုကို ဘယ်သူ မှ မသိကြသေးပါဘူး။

Apple ရဲ့ Health App ဟာ iOS 8 မှာကတည်းက မိတ်ဆက် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း မကြာခင်ထွက်ပေါ်လာတော့မယ့် iOS 9 မှာလည်း ထပ်မံ ပါဝင်လာဦးမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ထို App မှာတော့ ရွေးချယ်စရာ လုပ်ဆောင်ချက်တွေအဖြစ် Medical ID ဆိုတဲ့ လုပ်ဆောင်ချက် တစ်ခုပါဝင်ပြီး ထိုလုပ်ဆောင်ချက်က တဆင့် ကျန်းမာရေး အခြေအနေတွေကို သင်ကိုယ်တိုင် ဖန်တီးထားလို့ ရ နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ Allergies တွေနဲ့ သွေးဖွဲ့စည်းမှု အခြေအနေတွေကို သတ်မှတ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။

ထို Medical ID ဆိုတဲ့ လုပ်ဆောင်ချက် lock screen ကနေပဲ အရေးပေါ် အခြေအနေအဖြစ် တိုက်ရိုက် သုံးနိုင်မှာဖြစ်ပါတယ်။ တပ်ဆင်ရမယ့် နည်းလမ်းတွေကတော့ -

  • Health App ကိုဖွင့်လိုက်ပါ
  • Tool Bar ရဲ့ ညာဘက်အောက်ခြေမှာရှိတဲ့ Medical ID ကိုရွေးချယ်ပါ
  • Create Medical ID ကို ရွေးပါ
  • သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖြည့်သွင်းပါ
  • Show When Locked ကို ဖွင့်ပါ

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment