Powered by Blogger.

iOS 9 မှာ ပါဝင်မယ့် emoji အသစ်များ



ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္မဏီ ဖြစ်တဲ့ Apple ဟာ iPad Pro ၊ iPhone 6s နဲ့ iPhone 6s Plus တို့ကို ထုတ်လုပ်ခဲ့ပြီးတဲ့နောက် iOS 9 ကို မကြာခင်မှာ လူတိုင်း ရယူသုံးစွဲခွင့်ရတော့မှာပါ။

အစောကတည်းက Developer တွေကို စမ်းသပ်အသုံးပြုခွင့်ပေးခဲ့တဲ့ iOS 9.1 Beta ဗားရှင်းမှာ ကတည်းက emoji အသစ်တွေပါဝင်လာတာကို နည်းပညာ ကျွမ်းကျင်သူတွေက သတိထားမိခဲ့ကြပါတယ်။

The Next Web ဆိုတဲ့ သတင်းဌာန က emoji အသစ်တွေဖြစ်တဲ့ မြင်းကမ္ဘာ ရုပ် ၊ ကြက်ဆင် ၊ ရပ်ခိုင်းတဲ့ လက် ၊ ချိစ်တုံး ၊ ခြင်္သေ့ အစရှိတဲ့ emoji အသစ်များစွာကို ရှာဖွေတွေ့ရှိထားကြပါတယ်။

ဒါ့အပြင် လက်ခလယ် ထောင်ပြတဲ့ emoji အသစ်လည်းပါဝင်ပြီး လက်သင်္ကေတ emoji တွေကို အသားရောင် ပြောင်းလဲပြီး ဆန်းသစ်တီထွင်ထားတာပဲ ဖြစ်ပါတယ်။ iOS 9 ကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထွက်ရှိလာဖို့ ကြေညာထားပြီး iOS 9.1 ဟာလည်း မကြာခင်မှာပဲ ထွက်လာရှိလာဦးမှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : IGN
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment