Powered by Blogger.

င်္Mozilla ကထုတ်လုပ်တဲ့ Firefox 41 မှာ ချက်ချင်းမက်ဆေ့ဂ်ျပို့နိုင်တဲ့ လုပ်ဆောင်ချက် တစ်ခု Built in ပါဝင်




Mozilla ဟာ Firefox 41 ဆိုတဲ့ Web Browser အသစ်ကို Desktop နဲ့ Android အသုံးပြုတွေအတွက် ဖန်တီးနေပြီး ထို browser အသစ်မှာတော့ Instant Messaging လို့ခေါ်တဲ့ နဂိုပါဝင်ပြီးသား ချက်ချင်းမက်ဆေ့ဂ်ျပို့နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါဝင်လာမယ်လို့ သိရပါတယ်။

ထို လုပ်ဆောင်ချက်ဟာ လက်ရှိမှာတော့ Desktop ဗားရှင်းအတွက်ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပေမယ့် သင့်အနေနဲ့ Windows ဖြစ်စေ ၊ Mac (သို့) Linux ဖြစ်စေ ဘယ် OS ကိုသုံးသုံး Hello Video Call  ဆိုတဲ့ Mozilla က ထုတ်လုပ်ထားတဲ့ ဗီဒီယို Chat ကနေတစ်ဆင့် Instant Messaging စနစ်ကို တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Hello Video Call ဟာ WebRTC ကနေ တည်ဆောက်ထားတာဖြစ်ပြီး သင်ဟာ Chrome (သို့) Opera အသုံးပြုသူတွေနဲ့လည်း မက်ဆေ့ဂ်ျပေးပို့ပြီး Chat နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Hello အသုံးပြုသူတွေဟာ သူတို့ Chat နေတဲ့ လူကိုလည်း မြငတွေ့နိုင်ပြီး Desktop Browser ကနေ အသုံးပြုသူတွေအတွက်တော့ ပရိုဖိုင် ဖိုတို ထားရှိနိုင်မယ့် ရွေးချယ်ခွင့်ကိုလည်း ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Android စနစ်ရဲ့ Firefox 41 မှာတော့ အသုံးပြုသူတွေအနေနဲ့ Browser ရဲ့ Search ကဏ္ဍ အတွင်းမှာ Google နဲ့ Bing တို့ကိုပါ တစ်ပြိုင်နက် ရွေးချယ်နိုင်တဲ့ စနစ်ကို ထည့်သွင်းပေးထားတယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် Android စနစ်အတွက် Firefox 41 မှာလည်း MP3 ဖိုင်တွေကို မှန်ကန်စွာ Play ပြုလုပ်ပေးနိုင်မယ့် စနစ်ပါဝင်လာပြီး Android စနစ် နဲ့ Desktop ဗားရှင်း ၂ ခုလုံးအတွက် များပြားလှတဲ့ ပြုပြင်ပြောင်းလဲမှုတွေပါဝင်လာမယ်လို့လည်း သတင်းတွေက အခိုင်အမာ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment