မှင်မလိုပဲ ပိုလာရွိုက် ဓါတ်ပုံတွေ ချက်ချင်း ထုတ်လုပ်ပေးမယ့် ကင်မရာ Polaroid Snap
ချစ်စရာ ကောင်းလှတဲ့ အမှတ်တရ ပုံရိပ်တွေကို ရိုက်ကူးပြီးချက်ချင်း ပိုလာရွိုက် ဓါတ်ပုံ တွေအဖြစ် ထုတ်လုပ်ပေးနိုင်တာ ဟာ ဒီနောက်ဆုံး ပေါ် ကင်မရာ ရဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။
ထို ကင်မရာ ရဲ့ နာမည်ကိုတော့ Polaroid Snap လို့ အမည်ပေးထားပြီး ထို ကင်မရာဟာ သင့်ကို မှင် ပြန်ဖြည့်စရာမလိုပဲ ဓါတ်ပုံတွေ ချက်ချင်း ထွက်လာအောင် ပြုလုပ်ပေးမှာပါ။
ထို ကင်မရာ ကိုတော့ ZINK ဆိုတဲ့ ကုမ္မဏီ က ထုတ်လုပ်ထားတဲ့ ဓါတ်ပုံ စာရွက်တွေ နဲ့သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီကင်မရာဟာ Cyan ၊ Yellow ၊ Magenta Dye Crystals စတဲ့ ကာလာတွေနဲ့ ဓါတ်ပုံ ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။
အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ ပိုလာရွိုက် ကင်မရာတွေလိုပဲ ဒီ ကင်မရာဟာလည်း ၂ x ၃ လက်မ ရှိတဲ့ စတုရန်း ဓါတ်ပုံ ကိုသာ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ ဓါတ်ပုံ ထုတ်ဖို့ စာရွက်ကုန်နေတဲ့အခါမှာလည်း ထို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို microSD ကတ် ထဲမှာ ထည့်သွင်း သိုလှောင်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီ ကင်မရာ ရဲ့ ဈေးနှုန်းကတော့ ၉၉ ဒေါ်လာ ဖြစ်ပြီး ၂၀၁၅ မှာ စတင်ရောင်းချတော့မယ်လို့လည်း သိရပါတယ်။ တစ်ခုရှိတာက ZINK စာရွက်တွေပါ။ ထိုစာရွက်တွေရဲ့ ဈေးနှုန်းဟာ စာရွက် အရွက် ၅၀ ပါတဲ့ အထုပ် တစ်ထုပ် ကို ၂၅ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment