Powered by Blogger.

Fitness နဲ့ GPS တို့ကို လုပ်ဆောင်ပေးနိုင်မယ့် Tom Tom စမတ်နာရီ




ဂြိုလ်တု တည်နေရာပြ ကုန်ပစ္စည်းတွေ ရောင်းအားကျလာတဲ့ နောက်မှာတော့ Tom Tom ကုမ္မဏီဟာ Fitness နဲ့ Wearables ကုမ္မဏီ အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ အခုလည်း Tom Tom ကနေ Spark လို့ခေါ်တဲ့ နာရီ တစ်လုံးကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ Spark ဟာ သင့် ကိုယ်အလေးချိန် ထိန်းသိမ်းမှု အတွက် ဖော်ပြနိုင်ပြီး Bluetooth နဲ့လည်း ဂီတ သံစဉ်တွေ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ထို စမတ်နာရီဟာ GPS စနစ်ကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်သလို အိပ်ချိန်နဲ့ လှုပ်ရှားမှုတွေကို ခြေရာခံ မှတ်တမ်းတင်ပေးတဲ့ စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို စောင့်ကြည့် မှတ်တမ်းတင်ဖို့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သိုလှောင်ပမာဏ ကတော့ 3GB အထိ ပါဝင်ပြီး Tom Tom အမှတ်တံဆိပ် Bluetooth Headphone နဲ့လည်း တွဲရက် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထူးခြားချက် တစ်ခုကတော့ ၇ဖက်ပါတဲ့ Polygon တစ်ခုနဲ့ သင့်ရဲ့ တစ်ပတ်တာ လှုပ်ရှားမှုတွေကို ခြေရာခံမယ့် စနစ်ပါ။ သင်တစ်နေ့ကို ခြေလှမ်း ဘယ် ၂ လှမ်း လှမ်းခဲ့လည်းဆိုတာကို ပါပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ ပတ် တစ်ခါတော့ ခြေရာခံထားတဲ့ ဒေတာ တွေကို ရှင်းလင်းပေးဖို့လိုပါလိမ့်မယ်။

ဘက်ထရီ သက်တမ်းကတော့ ၁၁ နာရီ အထိ တောက်လျှောက် အသုံးခံမှာ ဖြစ်ပြီး လုပ်ဆောင်ချက်တွေကို GPS ၊ HRM နဲ့ သီချင်းဖွင့်ခြင်း အားလုံးကို တစ်ပြိုင်နက် တည်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Caller ID နဲ့ Message ID တို့ကိုလည်း ပြသပေးမှာ ဖြစ်ပြီး LCD မျက်နှာပြင်ပေါ်မှာတော့ 168 x 144 ကြည်လင်ပြတ်သားမှု ရှိတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ ဈေးနှုန်းကတော့ စတာလင်ပေါင် ၁၉၀ ခန့် ကျသင့်မယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment