Powered by Blogger.

ဗုံးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ Range Rover ကားအသစ်ကို စတင်မိတ်ဆက်




ပေါင် သုံးသိန်းခြောက်သောင်း တန် Range Rover Sentinel ကားဟာ လက်ပစ်ဗုံး၊လောင်ချာဗုံးတွေ တိုက်ရိုက် ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကျည်ကာဖောက်ထွင်းနိုင်တဲ့ ကျည်ဆန်နဲ့ တရစပ်ပစ်ခတ်မှုကိုလည်း ခံနိုင်ရည်ရှိပါတယ်။

ကားဘီးတွေ ပစ်ခတ်ခံရလို့ ပေါက်သွားရင်တောင် ဆက်လက်မောင်းနှင်နိုင်ပြီး ကားအပြင်ဘက်ကို လှမ်းပြောနိုင်တဲ့ ကားအပြင်ဘက်ပီကာစနစ်တစ်ခုလည်း ပါဝင်ပါတယ်။

“ရွေ့ လျားခံတပ်” လို့ တင်စားထားတဲ့ Range Rover Sentinel ဟာ Land Rover ကုမ္ပဏီက ထုတ်လုပ်ခဲ့သမျှ ကားမော်ဒယ်တွေထဲမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။

လုံခြုံရေးကိုအဓိကထားတဲ့ ဖောက်သည်တွေဟာ ကားကြမ်းခင်းနဲ့ ကားစက်ဖုံးအောက်မှာ အလိုအလျောက်မီးငြိမ်းသတ် နိုင်တဲ့ စနစ်တွေကိုလည်း ထည့်သွင်းနိုင်သလို၊ သုံးစွဲသူစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အချက်ပေးဥသြစနစ်၊ အရေးပေါ်အချက်ပေးမီးလုံးတွေနဲ့ ကား အပြင်ဘက်က လူတွေကို လှမ်းပြောနိုင်မယ့် အပြင်ဘက်စပီကာစနစ်တစ်ခုပါ ရွေးချယ်တပ်ဆင် နိုင်ပါတယ်။

Jaguar Land Rover Special Operations က ဦးဆောင်ညွှန်ကြားရေးမှူး John Edwars က “ ဒီကားကို Special Vehicle Operations ကနေ ကျွမ်းကျင်စွာ တည်ဆောက်ထားတာဖြစ်ပြီး ကားထဲလိုက်ပါသူတွေကို ပြင်းထန်တဲ့တိုက်ခိုက်မှုရန်ကနေ ကာကွယ်မှုအဆင့်အတန်းအမြင့်ဆုံး ပေးနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ Range Rover ရဲ့ ဇိမ်ခံကားအဖြစ်ကိုလည်း မပျက်ယွင်းစေသလို လမ်းကြမ်းမောင်းနှင်နိုင်တဲ့ စွမ်းဆောင်ရည်ကိုလည်း ထပ်မံမွမ်းမံပြင်ဆင်ထားပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment