Powered by Blogger.

Steve Jobs ဟာ နည်းပညာအကြောင်းမသိခဲ့ဘူးလို့ Apple ပူးတွဲတည်ထောင်သူ ပြောကြား




Apple ပူးတွဲတည်ထောင်သူ Steve Wozniak ဟာ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်း ပြောလေ့ မရှိပေမယ့် ဒီတစ်ခါမှာတော့ သူရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

Youtube channel တစ်ခုဖြစ်တဲ့ Reach A Student ကို ပြောပြခဲ့ရာမှာ၊ Steve Wozniak ဟာ Apple ကုမ္ပဏီရဲ့ အစောပိုင်းနေ့ ရက်တွေအကြောင်း ဖွင့်ဟခဲ့ပြီး သူ့ ရဲ့ စီးပွားရေးလက်တွဲဘက် Steve Jobs ဟာ နည်းပညာအကြောင်း မသိဘူးလို့ ပြောလိုက်ပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Wozniak က Apple I နဲ့ Apple II  ကွန်ပြူတာတွေရဲ့ ဒီဇိုင်းမှာ Jobs ရဲ့ အခန်းကဏ္ဍမပါဝင်ခဲ့ဘဲ Jobs ဟာ အရေးပါတဲ့လူတစ်ယောက်သာ ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အင်တာဗျူးကို Youtube ချယ်နယ်တစ်ခု လွှင့်တင်ထားတဲ့ အသက် ၁၄ နှစ်အရွယ် စွန့် ဦးတီထွင်လုပ်ငန်းရှင် Sarina Khemchandani က မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ Apple ရဲ့ အစောပိုင်းကွန်ပြူတာတွေဖန်တီးရာမှာတွေ့ ရတဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲပြဿနာ အများအပြားကို ရှင်က အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့တယ်လို့ ကျွန်မ နားစွန်နားဖျားကြားမိတယ်။ ဒါနဲ့ ဒီအချိန်တုန်းက Steve Jobs က ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာများလဲ” လို့ သူမက မေးမြန်းခဲ့ရာ

Wozniak က “ Apple I နဲ့ Apple II  ကွန်ပြူတာ ၊ printer interface ၊ serial interface ၊ floppy disk ပြားတွေနဲ့ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် ကျွန်တော်ပြုလုပ်ခဲ့တဲ့ ပစ္စည်းဒီဇိုင်းတွေ အားလုံးမှာ Steve Jobs ရဲ့ အခန်းကဏ္ဍလုံးဝ မရှိခဲ့ပါဘူး။ သူက နည်းပညာအကြောင်း မသိပါဘူး။ အရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့တာ။ အရေးပါတဲ့လူတွေဆိုတာ စီးပွားရေးသမားတွေပေါ့။ သူလုပ်ချင်ခဲ့တာကလည်း စီးပွားရေးသမားပါပဲ။” လို့ ပြန်ဖြေခဲ့ပါတယ်။

ပထမဦးဆုံးအိမ်သုံးကွန်ပြုတာဖြစ်တဲ့ Apple I ကွန်ပြူတာကို ၁၉၇၆ ခုနှစ်မှာ Wozniak က ကားဂိုထောင်တစ်ခုထဲမှာ လက်နဲ့ ပဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကွန်ပြူတာကို ဒေါ်လာ ၆၆၆.၆၆ နဲ့ ရောင်းချခဲ့ပြီး အလုံးရေ ၂၀၀ ပြုလုပ်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment